ခြေထောက်နာ၍ ကျန်ရစ်ခဲ့သည့် ဆင်ငယ်ကို ယနေ့( သြဂုတ် ၂၈ ) နံနက် ၁၀ နာရီခွဲခန့်က ညောင်ဦးမြို့နယ် ထန်းပေါက်ရုံရွာ အနောက်တောင်ဘက် လက်ယက်ကြီးတဲတိုက်အနီး လက်ယက်ကြီးချောင်းထဲတွင် ဖမ်းမိပြီဖြစ်ကြောင်း အဆိုပါဒေသသို့ရောက်ရှိနေသည့် 7Day သတင်းထောက်က သတင်းပေးပို့သည်။
''မေ့ဆေးပစ်ဖမ်းတယ်။ ဖြေဆေးပြန်ထိုးပြီး ဆင်ယဉ်နှစ်ကောင်နဲ့ ညှပ်ချည်ထားတယ်။ ဘာဆက်လုပ်မလဲတော့ မသိသေးဘူး''ဟု သစ်တောဝန်ထမ်းတစ်ဦးက ပြောသည်။
ဆင်ငါးကောင်မှာမူ နတ်မောက်မြို့နယ် ရွာမွန်ရွာအနီးသို့ ရောက်ရှိနေသည်ဟု သတင်းရရှိသည်။
ဆင်ငါးကောင်မှာမူ နတ်မောက်မြို့နယ် ရွာမွန်ရွာအနီးသို့ ရောက်ရှိနေသည်ဟု သတင်းရရှိသည်။
No comments:
Post a Comment