ချင်းပြည်နယ် တွန်းဇံမြို့နယ်မှာ မနက်သုံးနာရီက စပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာ ကြောင့် တွီ့ခိန်ဇန်ကျေးရွာအပေါ်မှာရှိတဲ့ သဘာဝတောင်ပေါ်ရေကန် ရေလျံ ကျိုးပေါက် ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ တွီ့ခိန်ဇန်ကျေးရွာက အိမ်လေးဆယ်ကျော်၊ ဟားခါးလေးကျေးရွာက အိမ်ခြေ ငါးဆယ်ကျော် ရေမျောပါပျက်စီးပြီး လူနှစ်ဦးပျောက်ဆုံးနေကြောင်း ကနဦးသတင်းရရှိပါတယ်။
ချင်းပြည်နယ်အစိုးရမှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး အသေးစိတ် သတင်းအချက်အလက်များရရှိက ဆက်လက်အသိပေးပါ့မယ်။
အဲဒီလို တောင်ပေါ်မှာ မိုးကြီး ရေလျံတာကြောင့် ကလေးခရိုင်ထဲက နေရဉ္စာမြစ်မှာ ရေတိုးခဲ့ပြီး ရေနောက်တွေစီးဆင်းခဲ့တာဖြစ်ပါတယ်။ ရာဇဂြိုလ်ဆည် ထိခိုက်မှုမရှိကြောင်း၊ ခိုင်မာမှုရှိကြောင်းသိရပါတယ်။
Ye Htut facebook













No comments:
Post a Comment