ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံတွင် ဒရုန်းတစ်စီးကို စမ်းသပ်အသုံးပြုနေစဉ် (ဓာတ်ပုံ − MAVS)
အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်ရသည့် ဒရုန်းလေယာဉ် များကို မြန်မာနိုင်ငံတွင် တရား ဝင်အသုံးပြုခွင့်ရရှိနိုင်ရန် လေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက စီစဉ်နေကြောင်း သတင်းရရှိသည်။
‘‘ဒီကိစ္စကို ညွှန်ကြားရေးမှူး ချုပ်ကြီးကိုယ်တိုင်လုပ်နေတာ။ နိုင်ငံခြားမှာ ဘယ်လိုဥပဒေတွေရှိ တယ်၊ ဘယ်လိုကန့်သတ်ထား တယ်၊ ဘယ်လိုခွင့်ပြုထားတယ် ဆိုတာတွေကို လေ့လာနေပါ တယ်။ မကြာခင် အသေးစိတ်ကို နိုင်ငံပိုင်သတင်းစာကနေ ထုတ် ပြန်ပေးဖို့ အစီအစဉ်တချို့လည်း ရှိပါတယ်’’ ဟု လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ပြောသည်။
ခွင့်ပြုပါက ခွင့်ပြုမည့်ဧရိ ယာသည် အစိုးရ၏ လုံခြုံရေးပိုင်းဆိုင်ရာများနှင့် နီးစပ်သည့်နေရာများ၊
အများပြည်သူနှင့်နီးစပ်သည့် နေရာများတွင် ခွင့်ပြုမည်မဟုတ် ဘဲ ဒရုန်းလေယာဉ်များ အသုံးပြု ခြင်းကို စည်းကမ်းချက်များဖြင့် သတ်မှတ်အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း အဝေး ထိန်းခလုတ်ဖြင့် မောင်းနှင်အသုံး ပြုနိုင်သည့် RC Toys ရောင်းချ သည့်ဆိုင်များ၊ ဒရုန်းများရောင်းချ သည့်ဆိုင်များတွင် ပစ္စည်းများ လိုက်လံသိမ်းဆည်းအရေးယူ ခြင်းများ ပြုလုပ်လျက်ရှိရာ ဝါသနာရှင်များက သက်ဆိုင်ရာ ကို ဝေဖန်မှုများဆက်တိုက်ပေါ် ထွက်လာပြီးနောက် ယခုကဲ့သို့ အစိုးရဘက်က တရားဝင်ခွင့်ပြု ရန် စီစဉ်လာခြင်းဖြစ်သည်။
ဒရုန်းများကို တရားဝင်လိုင် စင်ဖြင့် အသုံးပြုနိုင်ရန် လေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ဆွေးနွေးနေပြီး အမြန်ဆုံးတရားဝင်ခွင့်ပြုရန် ဆောင် ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် ဒရုန်းနှင့် ဆက် စပ်ပတ်သက်သည့် RC Toys များ ကို တရားဝင်သယ်ဆောင်ရောင်း ချဖြန့်ဖြူးခွင့်ပေးထားခြင်းမရှိဘဲ ပြည်ပမှလည်း တရားဝင်တင် သွင်းခွင့်မပြုထားကြောင်း အ ကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။
ဒရုန်းလေယာဉ်များ တရား ဝင်အသုံးပြုခွင့်ပေးခဲ့ပါက လူ ငယ်များအတွက် နည်းပညာဖွံ့ဖြိုး မှုကို စတင်ခံစားရမည်ဖြစ်ပြီး မီးဘေး၊ ရေဘေး၊ လေဘေးကိစ္စ များအပြင် စိုက်ပျိုးရေးဆိုင်ရာ များ အစရှိသည့်မြေပြင်မှကြည့်၍ မမြင်နိုင်သည့် အရာအားလုံးကို ဒရုန်းမှတစ်ဆင့် ကောင်းကင်တွင် ကြည့်ရှုနိုင်သည့် အကျိုးကျေးဇူး များရှိကြောင်း ဒရုန်းလေယာဉ် များနှင့်ပတ်သက်၍ ဝါသနာရှင် ဦးဝင်းနိုင်က ပြောသည်။
အဆိုပါ ဒရုန်းများ တရား ဝင်ရောင်းချခွင့်ဆိုင်များ ဖွင့်လှစ် ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းကို လည်း ခွင့်ပြုပေးသင့်ကြောင်း ၎င်းက အကြံပြုသည်။
‘‘တကယ်အသုံးချနေတဲ့သူ တွေ ဝါသနာပါလို့ လေ့လာ- လေ့ကျင့်ပျံသန်းနေကြတဲ့သူတွေ အတွက် ပြည်ပကို အဆင့်ဆင့် မှာပြီး သုံးနေရတာဆိုတော့ ကုန် ကျစရိတ်က ဖြစ်သင့်တာထက် အဆမတန်များကုန်တယ်’’ ဟု ဦးဝင်းနိုင်က ဆိုသည်။
ယခုလအတွင်း ဒရုန်းလေ ယာဉ်များရောင်းချသည့် ဆိုင် တစ်ဆိုင်မှ ဒရုန်းလေယာဉ်ငါးစီး ပစ္စည်းတန်ဖိုး ကျပ် ၁၁ သိန်း ကျော်ကို သက်ဆိုင်ရာက ပြီးခဲ့ သည့်တစ်ပတ်က လာရောက် သိမ်းဆည်းသွား၍ RC Toys ရောင်းချသည့် ဆိုင်အများစုမှာပစ္စည်းမှာယူမှု ဆိုင်းငံ့ထားခြင်း၊ လတ်တလောအရောင်းရပ်ထား ခြင်းများပြုလုပ်ထားသည်ဟု စမ်း ချောင်းမြို့နယ်မှ Multi copter RC toys ရောင်းချသည့်ဆိုင်မှ ဆိုင်ပိုင်ရှင် ဦးမျိုးမြင့်စိုးက ပြော သည်။
7 Day
No comments:
Post a Comment