Links

clock

Friday, August 28, 2015

ဥရောပအကောင်းဆုံး ဘောလုံးသမားဆု မက်ဆီ ဒုတိယအကြိမ်ဆွတ်ခူး

UPDATE NEWS >>>>
ဥရောပအကောင်းဆုံး ဘောလုံးသမားဆု မက်ဆီ ဒုတိယအကြိမ်ဆွတ်ခူး
=============================

၂၀၁၄−၁၅ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက အသင်းဖော် ဆွာရက်ဇ်နှင့် ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့သည်။
မက်ဆီသည် အဆိုပါဆုကို ၂၀၁၀−၁၁ ဘောလုံးရာသီတွင်လည်း ရရှိခဲ့ဖူးပြီး နှစ်ကြိမ်ရရှိဖူးသော ပထမဆုံး ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ မဲခွဲပြီးနောက် အကောင်းဆုံးဆုအတွက် ပဏာမစာရင်းဝင် ကစားသမား ၃ ဦးကို ဥရောပမှ အားကစားသတင်းထောက်များမှ တိုက်ရိုက်မဲပေးရွေးချယ်မှုတွင် အားလုံးမျှော်လင့်ထားသည့်အတိုင်း မက်ဆီက အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment