နေပြည်တော် သြဂုတ် ၁၇
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဇွန်၊ ဇူလိုင်လများအတွင်း
မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင်
ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှု
ပမာဏ ကြီးမားခဲ့သဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေးအတွက် နိုင်ငံတော်သမ္မတ ရုံးမှ
၂၀၁၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကြေညာချက်အမှတ် ၁/၂၀၁၅ ကို ထုတ်ပြန်ခဲ့ သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ သဘာဝဘေး အန္တရာယ်ကျရောက်သော
ဒေသများဖြစ်သည့် ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင်လည်းကောင်း၊
ထိုကဲ့သို့ ရေကြီးရေလျှံမှုများနှင့် သဘာဝ ဘေးကျ ရောက်ခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် လည်းကောင်း အမျိုးသား သဘာဝဘေး
အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ဦးဆောင်၍ လုပ်ငန်းစဉ်(၁)အရ ဘေးမဖြစ်မီ ထိခိုက်
ဆုံးရှုံးမှုနည်းပါးစေရန် ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ်(၂)အရ ဘေးဖြစ်ပွားနေစဉ် ဘေးလွတ်ရာ
ရွှေ့ပြောင်းခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ အရေးပေါ် ကယ်ဆယ်ထောက်ပံ့ ခြင်းနှင့် လုပ်ငန်းစဉ်(၃)အရ
မူလအခြေအနေကို ပြန်လည် ရောက်ရှိစေရန်အတွက် ပြန်လည်တည်ဆောက်ခြင်း၊ ပြန်လည်နေရာချထားခြင်း၊
ပြန်လည်ထူထောင်ခြင်း လုပ်ငန်း စဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်
သီးသန့်ရန်ပုံငွေမှ ငွေကျပ် ၃၉ ဒသမ ၀၅၄ ဘီလီယံ သုံးစွဲခဲ့ပြီးဖြစ်သည့်အပြင် ပျက်စီးဆုံးရှုံးမှုများအတွက်
စာရင်းပြုစုရရှိမှုအလိုက် သဘာဝဘေးအန္တရာယ်ကာကွယ် ရေး အတွက် သီးသန့်ရန်ပုံငွေမှ ဆက်လက်ခွင့်ပြုပေးရန်
အမြန်ဆုံး စီစဉ်ဆောင်ရွက် လျက်ရှိသည်။
ယခုအခါ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ
အမေရိကန်ဒေါ်လာ ၃ သန်း ထောက်ပံ့ပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သဘော တူညီချက် လက်မှတ်
ရေးထိုးပြီးဖြစ်သကဲ့သို့ ဂျပန်နိုင်ငံမှလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း ထောက်ပံ့ပေးရန်
အကြောင်းကြားခဲ့သဖြင့် လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)နှင့် ကမ္ဘာ့ဘဏ် (WB) တို့မှလည်း အတိုးမဲ့ချေးငွေများ
ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့ဘဏ်(WB)မှ ယခင် လွှတ်တော်မှ ခွင့်ပြုပြီးချေးငွေများ
အနက်မှ ၅ ရာခိုင်နှုန်းအား ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင်
လွှဲပြောင်းသုံးစွဲရန် အမေရိကန်ဒေါ်လာ ၃၅ သန်းခန့်ကိုလည်း အဆိုပြုချက် ရရှိပြီးဖြစ်သည်။
သို့ပါ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်
သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသည့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနှင့်
နေအိမ် အဆောက်အအုံများ လမ်းပမ်းဆက်သွယ်ရေး
ပြတ်တောက်ခဲ့ရသည့် ကားလမ်း၊ မီးရထားလမ်းနှင့် တံတားများ ပြန်လည်ပြုပြင် တည်ဆောက် နိုင်ရန်နှင့်
ရေတားတမံများ ပြန်လည်ပြုပြင်ရေး၊ မျိုးစပါးများရရှိရေး၊
ငါးဖမ်း လုပ်ငန်းများ အပါအဝင် အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်စတင်နိုင်ရေး
၊ စားနပ်ရိက္ခာဖူလုံရေးနှင့် လယ်ယာ လုပ်ငန်းသုံး ပစ္စည်းများ ရရှိရေး စသည့် လိုအပ် ချက်များအတွက်
လိုအပ်သောဘဏ္ဍာငွေကို ဆက်လက်၍ စိစစ်ခွင့်ပြု ထုတ်ပေး မှုနှင့်အတူ မူလအနေအထားသို့ ပြန်လည်
ရောက်ရှိအောင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို
အမြန်ဆုံး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
MOI













No comments:
Post a Comment