ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၈/၂၀၁၅)
၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်
၁၃၇၇ ခု၊ ဝါခေါင်လဆန်း ၂ ရက်
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ်
အသိပေး ရှင်းလင်းတင်ပြချက်
၁။
၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ကိစ္စရပ်နှင့် စပ်လျဉ်း၍ မိဘပြည်သူများ စိုးရိမ် ပူပန်မှု တစ်ချို့ရှိသည်ဟု
သိရှိရပါသည်။ တရားဝင်နိုင်ငံရေး ပါတီများထဲမှ ပါတီ တစ်ခု၏ဆန္ဒအရ ခေါင်းဆောင်မှု ပြောင်းလဲခြင်းနှင့်
ပြန်လည်ဖွဲ့စည်းသည့် ကိစ္စရပ်သာ ဖြစ်ပါသည်။
၂။
အစိုးရအဖွဲ့သည် မိဘပြည်သူများ လက်ရှိကြုံတွေ့နေရ သည့် နိုင်ငံ အနှံ့ ရေဘေးအန္တရာယ်မှ
အမြန်ဆုံး ကင်းဝေးအောင် ရေဘေး ကယ်ဆယ်ရေးနှင့် ပြန် လည်ထူထောင်ရေး လုပ်ငန်းများကို တစိုက်မတ်မတ်
ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တပြိုင်နက်တည်းမှာပင် တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးဖြစ်စဉ်
အောင်မြင်အောင် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှု ရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်
ကြိုးပမ်းဆောင်ရွက် လျှက်ရှိပါသည်။
၃။
အစိုးရအဖွဲ့သည် အုပ်ချုပ်ရေးတာဝန်ကို အဓိက တာဝန်ယူ ဆောင်ရွက် လျက်ရှိပြီး ဒီမိုကရေစီစနစ်၏
အခြားသော မဏ္ဍိုင်ကြီးနှစ်ရပ်ဖြစ်သော ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်
ရှိပါသည်။
၎။
ယခုအချိန်သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ
ပြင်ဆင်ရေးကာလဖြစ်ပြီး ၎င်းရွေးကောက်ပွဲ သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး သမိုင်းတစ်လျှောက်တွင်
ကျင်းပခဲ့ သည့် ရွေးကောက် ပွဲများအနက် လွှတ်တော် ကိုယ်စား လှယ်လောင်း များ အမည်စာရင်းတင်သွင်းမှု
အများဆုံးဖြစ်သည် ကို တွေ့ရှိရပါသည်။ အစိုးရအဖွဲ့ အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်
ပွဲဖြစ်စေရန် ရွေးကောက် ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့များ၊
မိဘပြည်သူများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။
၅။
အဆိုပါ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရလဒ်အတိုင်း အစိုးရအဖွဲ့ အနေဖြင့် လက်ခံအတည်ပြု၍
တည်ဆဲ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း
အသိပေးအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့













No comments:
Post a Comment