ကမ္ဘာအနှံ့ အင်တာနက်ချိတ်ဆက်နိုင်ဖို့ မာ့ဇူကာဘာ့ဂ် စီစဉ်နေပြီ
----- ----- ------ ----- -----
ကမ္ဘာ၏ လူအရောက်အပေါက်နည်းသော ဒေသများအထိ အင်တာနက်ချိတ်ဆက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာအနှံ့ ဖြန့်ကြက်ရေးအစီစဉ်တရပ်အဖြစ် လူမှုကွန်ရက်လုပ်ငန်းကြီးတခုဖြစ်သော Facebook ဖေ့စ်ဘုတ်က ဥရောပဂြိုဟ်တု စလောင်းကုမ္ပဏီတခုနှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖေ့စ်ဘုတ်၏ အမှုဆောင်အရာရှိချုပ် မာ့ဇူကာဘာ့ဂ် က global setellite based web access ထူထောင်ရေးအတွက် အဆိုပြုချက်တရပ်ကို တင်ပြခဲ့သည်။

ယခု အစီစဉ်အရ အင်တာနက်ကို အာကာသမှတဆင့် ထုတ်လွှင့်ပေးနိုင်ရန် Eutelat ဥရောပဂြိုဟ်တုကုမ္ပဏီနှင့် ပူးပေါင်းပြီး ဂြိုဟ်တုတခုကို လွှတ်တင်မည်ဖြစ်ကြောင်း၊ လူပေါင်းသန်းနှင့်ချီ၍ ဆက်သွယ်နိုင်တော့မည်ဟု မစ္စတာဇပ်ကားဘာ့ဂ်က တင်ပြခဲ့သည်။ ကမ္ဘာအနှံ့ရှိသူများ၊ အထူးသဖြင့် လူသူအရောက် အပေါက်နည်းသော ဒေသများမှ လူများအား အွန်လိုင်းမှတဆင့် ဆက်သွယ် ခွင့်ရရှိတော့မည်ဖြစ်ကြောင်း မာ့ဇူကာဘာ့ဂ်က ပြောကြားခဲ့သည်။
Eutelat သည် ပြင်သစ်ဆက်သွယ်ရေးကုမ္ပဏီတခုဖြစ်ပြီး အင်တာနက်ထုတ် လွှင့်နိုင်ရန်အတွက် နည်းပညာ သစ်ဖြင့်ပြုလုပ်ထားသော ဂြိုဟ်တုများကို ထုတ်လုပ်ပေးလျက်ရှိသည်။ ယခုအစီစဉ်သစ်အရ အကျိုးခံစားနိုင် သည်။ ပထမဦးဆုံးဒေသမှာ အာဖရိကတိုက်ဖြစ်သည်။ လက်ရှိအခြေအနေတွင် အာဖရိကတိုက်၌ အင်တာနက် သုံးစွဲနိုင်မှုမှာ ၂၀ ရာခိုင်နှုန်းသာရှိသည်။ အာရှ ပစိဖိတ်ဒေသမှာ ဒုတိယအကျိုးခံစားခွင့်ရမည့်ဒေသဖြစ်ပြီး လက်ရှိအချိန်တွင် ယင်းဒေသ၌ ၃၂ ရာခိုင်နှုန်းသာ အင်တာနက် ရရှိကြသည်။ ဖေ့စ်ဘုတ်၏အစီစဉ်သစ်အရ ကောင်းကင်ဂြိုဟ်တုမှ အွန်လိုင်းဆက်သွယ်မှုဖြင့် အဆိုပါဒေသနှစ်ခုစလုံးတွင် အင်တာနက်ရရှိမှုတိုးမြှင့်လာနိုင်သည်။ AMOS-6 ဟုခေါ်သော ဂြိုဟ်တုသစ်ဖြင့်အာဖရိကအလယ်ပိုင်းဒေသ နေရာတော်တော်များများတွင် အင်တာ နက် ရရှိလာနိုင်တော့မည်ဖြစ်ကြောင်း AMOS-6 ဂြိုဟ်တုကို စတင်တည်ဆောက်နေပြီး ၂၀၁၆ ခုနှစ်တွင် အာကာသတွင်း ထုတ်လွှင့်တင်နိုင်တော့မည်ဖြစ်ကြောင်း ဇပ်ကားဘာ့ဂ်က ပြောကြားခဲ့သည်။
''အင်တာနက်ချိတ်ဆက်သွယ်နိုင်မှု ဟာ လူ့ဘ၀နဲ့ လူ့အသိုင်းအ၀ိုင်းကို ပြောင်းလဲစေပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာကြီး တခုလုံးကို ချိတ်ဆက်နိုင်အောင် လုပ်နေပါတယ်။ ဒါတင်မက သူကမ္ဘာကြီးရဲ့အပြင်ဘက်ထိရောက် အောင် လုပ်နေပါတယ်''ဟု မစ္စတာဇပ်ကားဘာ့ဂ်က ဖော်ပြခဲ့သည်။
ထွဋ်ဝင်းထွဋ်
Ref : UPI
Ref : UPI

No comments:
Post a Comment