
----- ----- ----- -----
အောက်တိုဘာ ၃ ရက်နေ့က ပြုလုပ်သော အဌဂံပုံစံ သံလှောင်အိမ်ကြိုးဝိုင်းထဲတွင် ထိုးသတ်ရသည့် သိုင်းပေါင်းစုံအသုံးပြုတိုက်ခိုက်နည်း (Mixed Martial Art – MMA) ပြိုင်ပွဲတွင် Travis Wolford အမည်ရ လက်ဝှေ့သမားသည် ရှုံးနှိမ့်ခဲ့သည့်အပြင် ပြိုင်ဘက် Daniel Cooper ၏ ညစ်သတ်မှုကို မခံနိုင်ဘဲ မစင်ထွက်ကျခဲ့သည်။ Travis Wolford သည် အရှုံးမပေးမီ နောက်ဆုံးအချိန်တွင် ကြမ်းပြင်ပေါ်လဲလျက်ရှိစဉ် မစင်ထွက်ကျခဲ့သည်ကို သိရှိ၍ ထိတ်လန့်အံအားသင့်ကာ ဖြစ်ခဲ့သည်။ ထိုသို့ ရှုံးနှိမ့်အပြီး ကြိုးဝိုင်းအတွင်းမှ ထွက်ခွာရန် မတ်တပ်ရပ်ရာတွင်လည်း ၀မ်းမနိုင်တော့ဘဲ ၎င်း၏ခြေထောက်တလျောက်မှ မစင်များ ဆက်လက်ကျဆင်းခဲ့သည်။ ကြိုးဝိုင်းဒိုင်မှ မှန်မှန်ကန်ကန် သုံးသပ်နိုင်ခဲ့၍ Travis ၏ မစင်ကို မနင်းမိစေရန် ရှောင်ရှားနိုင်ခဲ့သည်။ အဆိုပါအဖြစ်အပျက်အပြီး ပရိသတ်များက Travis အား အညိုရောင်ဗုံးကျဲသူ (Brown Bomber) ဟုသော နာမည်ပြောင် ခေါ်တွင်သမုတ်ခဲ့ကြသည်။
ယင်းနှင့်ပတ်သတ်၍ “ပွဲမတိုင်မီညက Travis ငရုပ်သီးပွဲတော်ကို သွားပြီး ငရုပ်သီး ပူပူစပ်စပ်တွေ စားခဲ့ပါတယ်။ ထိုးသတ်နေတုန်းမှာ ပေါက်ကွဲမှုကြီးဖြစ်ပြီး သူစားခဲ့သမျှ ငရုပ်သီးတောင့်တွေရော တခြားဟာတွေပါ ကြိုးဝိုင်းကြမ်းပြင်ပေါ် ထွက်ကျခဲ့ပါတယ်။ ချက်ချင်းဆိုသလို အလေးချိန် ၁၅ ပေါင်လောက် ကျသွားတယ်။ ဒီဖြစ်ရပ်ဟာ မတော်တဆမှုသာဖြစ်တယ်ဆိုတာကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ နောက်တပွဲ ထိုးသတ်ပြီး သက်သေပြဖို့ရှိပါတယ်။ ဘယ်သူ လောင်းမလဲ”ဟု ပွဲသွင်းသူတဦးက ရှင်းလင်းခဲ့သည်။
Ref;Thebiglead













No comments:
Post a Comment