Links

clock

Thursday, October 8, 2015

KIA သောင်းကျန်းသူ ရင် ၆ နှင့် ရင်း၃၄ မှ သောင်းကျန်းသူ အဖွဲ့ များ အား တပ်မတော် မှ တပြိုင်တည်း တိုက်ခိုက်ချေ မှုန်း



KIA သောင်းကျန်းသူ ရင် ၆ နှင့် ရင်း၃၄ မှ သောင်းကျန်းသူ
အဖွဲ့ များ အား တပ်မတော် မှ တပြိုင်တည်း တိုက်ခိုက်ချေ
မှုန်း လျှက် ရှိ သည်။

ရှမ်းမြောက် ဒေသ တပ်မဟာ ၄ အားတပ်မတော် မှ သိမ်း
ပိုက်ပြီး အကြွင်းအကျန် KIA အဖွဲ့ များကို တပ်မတော်
မှ ရှင်းလင်း နေသကဲ့သို့
ဖားကန့် တွင် ၆ -၁၀-၂၀၁၅ရက်နေ့တွင်
ရှမ်း တိုင်းရင်းသား တစ်ဦးအား KIA သောင်းကျန်းသူ
အဖွဲ့ မှ မြို့တွင်းဝင် ရောက်သတ်ဖြတ်သွားခဲ့ သည် ။
ထိုသို့ ရှမ်းနီ ပါတီ ဝင် များအား လိုက် လံသတ်ဖြတ်သော
ဖြစ်စဉ် ၂ ကြိမ် ရှိပြီး ရှမ်းတိုင်းရင်းသား ၂ ဦး တပတ်အ
တွင်း ၂ ယောက်အသတ်ခံ ရခြင်း ဖြစ်သည် ဟုသိရပါသည်။
ရှမ်းနီပါတီဝင် အမျိုးသားရေး လှုပ်ရှားသူများကို လိုက်လံ
သတ်ဖြတ်ရန် KIAသောင်းကျန်းသူ အဖွဲ့ သီးခြားဖွဲ့စည်း
ထားသည် ဟု သိရပါသည် ။
မုံးကိုးဒေသ စစ်ရေးနှင့်မသတ်ဆိုင်သော လူဝင်မှုကြီးကြပ်
ရေးရုံး အား ၅-၁၀-၂၀၁၅ ရက်နေ့တွင် KIAမှ ဗုံးဖောက်
ခွဲ ဖျက်စီး ခဲ့ သည်။
မန်စီ ဒေသအတွင်း KIA စခန်း ၈ ခု အား တပ်မတော်မှ
၂ပတ်အတွင်း သိမ်းပိုက် လိုက် သည်။ KIAသောင်းကျန်းသူ
ခေါင်းဆောင်တစ်ဦး ဖြစ် သူ ဂွမ်မော် မှ စစ်ရေးအရ ဖိ အား
ပေးပါက ငြိမ်းချမ်းရေး ရရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။
ထိုသို့စစ်ရေးအရဖိအားမပေးရန်ပြော သော်လည်းညှိနှိုင်းဆွေး
နွေး မှုအား ကျောခိုင်း သွား သော KIAမှာ ငြိမ်းရေးအပေါ်
အမြတ် ထုတ်ရန် အတွက် ဆက်လက်အသုံးချ ပြီး ဒေသတွင်း
စစ်ရာဇဝတ် မှု များကို ဆက်တိုက်ကျူးလွန်နေခဲ့ သည်။
တပ်မတော်အနေဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက်
တပ်မ ၈၈ အပြင် တပ်မ ၅၅ ပါထည့်သွင်းလိုက်ရာ KIA သောင်း
ကျန်းသူ အဖွဲ့ ၏ စစ်ရေးအကြပ်အတည်း ဖြစ်လာနိုင်ပါသည်။
KIA သောင်းကျန်းသူ အား ၂၀၁၂ က တပ်မ ၈၈ တခုဖြင့်သာ
တိုက်ခိုက် ခဲ့ ပြီး ဒေ သခံ တပ်များအား လမ်းပန်းဆက်သွယ်ရေး
အုပ်ချုပ်မှု လုပ်ငန်းများသာ ဆောင်ရွက်စေခဲ့သည်။
ပြည်သူလူထုအနေဖြင့် ငြိမ်းချမ်းရေး အား လိုလား လျှက်ရှိရာ
တပ်မတော် မှ ထိုးစစ်ဆင် တိုက်ခိုက်ပါက အပြည့်အဝထောက်
ခံလျှက် ရှိပါကြောင်း တင်ပြ အပ်ပါသည်။

No comments:

Post a Comment