Links

clock

Monday, December 16, 2019

အတၱကုိ ဗဟုိျပဳတာ မ်ားသြားရင္ အားလုံးဟာ သူစိမ္းေတြ ျဖစ္သြားလိမ့္မယ္


“သူစိမ္းေတြျဖစ္သြားတတ္တယ္”
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

ေလာကမွာအတၱကုိ ဗဟုိျပဳတာမ်ားသြားရင္
အားလုံးဟာသူစိမ္းေတြျဖစ္သြားတတ္တယ္။

 မိဘ ႏွင့္ သားသၼီး

လုိက္ေလ်ာမႈမရွိ ကုိယ္ျဖစ္ခ်င္တဲ႔ဆႏၵေတြနဲ႔အတၱကုိ
ဗဟုိျပဳတာမ်ားသြားရင္မ်က္ရည္ေတြမ်ားစြာနဲ႔
သူစိမ္းေတြျဖစ္သြားတတ္တယ္။

 အစ္ကုိ အစ္မ ညီ ညီမ

အနစ္နာခံမႈမရွိ ရယူပုိင္ဆုိင္ျခင္းေတြနဲ႔အတၱကို
ဗဟုိျပဳတာမ်ားသြားရင္နာက်ည္းခ်က္ေတြမ်ားစြာနဲ႔
သူစိမ္းေတြျဖစ္သြားတတ္တယ္။

 မိတ္ေဆြ သူငယ္ခ်င္း

ယုံၾကည္မႈမရွိ မနာလုိဝင္တုိျခင္းေတြနဲ႔အတၱကို
ဗဟုိျပဳတာမ်ားသြားရင္မေက်မနပ္ခ်က္ေတြမ်ားစြာနဲ႔
သူစိမ္းေတြျဖစ္သြားတတ္တယ္။

 ခ်စ္သူရည္စား

နားလည္မႈမရွိ အထင္လြဲမွားျခင္းေတြနဲ႔အတၱကုိ
ဗဟုိျပဳတာမ်ားသြားရင္ရင္နာနာမေမ႔ႏူိင္စရာေတြ
မ်ားစြာနဲ႔သူစိမ္းေတြျဖစ္သြားတတ္တယ္။

 လူ႔ပတ္ဝန္းက်င္

စာနာေဖးမမႈမရွိ အစြန္းေရာက္ဝါဒေတြနဲ႔အတၱကို
ဗဟုိျပဳတာမ်ားသြားရင္အဆင္မေျပျပႆနာမ်ားစြာနဲ႔
သူစိမ္းေတြျဖစ္သြားတတ္တယ္။

credit .အရွင္ဇဝနဉာဏ

“သူစိမ်းတွေဖြစ်သွားတတ်တယ်”
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

လောကမှာအတ္တကို ဗဟိုပြုတာများသွားရင်
အားလုံးဟာသူစိမ်းတွေဖြစ်သွားတတ်တယ်။

 မိဘ နှင့် သားသ္မီး

လိုက်လျောမှုမရှိ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်မျက်ရည်တွေများစွာနဲ့
သူစိမ်းတွေဖြစ်သွားတတ်တယ်။

 အစ်ကို အစ်မ ညီ ညီမ

အနစ်နာခံမှုမရှိ ရယူပိုင်ဆိုင်ခြင်းတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်နာကျည်းချက်တွေများစွာနဲ့
သူစိမ်းတွေဖြစ်သွားတတ်တယ်။

 မိတ်ဆွေ သူငယ်ချင်း

ယုံကြည်မှုမရှိ မနာလိုဝင်တိုခြင်းတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်မကျေမနပ်ချက်တွေများစွာနဲ့
သူစိမ်းတွေဖြစ်သွားတတ်တယ်။

 ချစ်သူရည်စား

နားလည်မှုမရှိ အထင်လွဲမှားခြင်းတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်ရင်နာနာမမေ့နိူင်စရာတွေ
များစွာနဲ့သူစိမ်းတွေဖြစ်သွားတတ်တယ်။

 လူ့ပတ်ဝန်းကျင်

စာနာဖေးမမှုမရှိ အစွန်းရောက်ဝါဒတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်အဆင်မပြေပြဿနာများစွာနဲ့
သူစိမ်းတွေဖြစ်သွားတတ်တယ်။

credit .အရှင်ဇဝနဉာဏ

No comments:

Post a Comment