Links

clock

Tuesday, December 17, 2019

ဆရာ မင်းထက်ကျော်ဇောရဲ့ လြမ္းရစ္ေနဦးေပါ႔ ….. ေမာင္႔မွာ (၁)Zawgyi/Unicode 2 Version


လြမ္းရစ္ေနဦးေပါ႔ ….. ေမာင္႔မွာ
(၁)

“ေက်ာ္ေဇာ …….. မင္းကဘာေတြေလာေနတာတုန္း
မႏၱေလးဆင္းရမဲ႔ေကာင္ကမ်ား ….. ကားေပၚေနရာေတြလာလုေနေသး”
အေမာင္ေက်ာ္ေဇာတစ္ေယာက္ ေလာေနပံုကိုၾကည္႔ၿပီး ၾကာေတာ႔ သူငယ္ခ်င္း ေတြေသာက္ျမင္႔ကတ္လာသည္ထင္သည္။ ၾကည္႔ပါေလ …. ဒုတိယႏွစ္ၿပီးဆံုးလို႔ မိဘရပ္ထံခြင္႔ျပန္မွာခ်င္းအတူတူ ကားေပၚသို႔ေရွ႕ဆံုးကေနလုတက္ေနပံုမ်ားျမင္လို႔ကို မေကာင္း။


“ဟ …… ငါကခုေတာင္ေရာက္ခ်င္ေနၿပီကြ

ဟိုမွာ ….. မမေမ ေစာင္႔ေနမွာ”
စစ္တကၠသိုလ္ ဗိုလ္ေလာင္း၀တ္စံုကို ေက်ာ႔ေမာ႔ေနေအာင္ ၀တ္ဆင္ထားေသာ ဗိုလ္ေလာင္းေက်ာ္ေဇာတစ္ေယာက္ သူ႔အိပ္မက္နဲ႔သူ႔အေတြးေပ်ာ္ေတြကို သူငယ္ခ်င္း တစ္စုကိုထုတ္ေျပာကာ ေပ်ာ္ေနမိသည္။
“မမ ….. ကၽြန္ေတာ္ ဒီဇင္ဘာ ၃၁ ထဲျပန္ခဲ႔မယ္
ဆက္ဆက္ေစာင္႔ေနေနာ္ …..”
ေက်ာင္းဆင္းပြဲကာလ မမေမ ဆိုေသာ မႏြယ္နီေမ ဆီအလုအယက္ဖုန္းဆက္ ရင္း ေျပာၾကားခဲ႔ေသာ စကားမ်ား။ သူနဲ႔ မမေမ တို႔ဆိုတာက သမီးရည္းစားလည္း မက်။ ေမာင္ႏွမထက္ပိုသည္႔ သံေယာဇဥ္မ်ိဳးတြယ္တြာခဲ႔သည္မွာ ဆယ္တန္းကတည္းကေန ယခုအခ်ိန္ထိဆို သံုးႏွစ္မွ် ရွိၿပီ။
“မင္း …. မနက္ျဖန္က်ရင္ Guide ဆရာမ
တစ္ေယာက္ထပ္ေျပာင္းထားတယ္။
ဒီတစ္ခါနဲ႔ဆို မင္းေလးေယာက္ရွိၿပီ
ေအး …. ဒီတစ္ေယာက္ကိုမွ မင္းထပ္ျပသနာရွာလို႔ကေတာ႔
ဘာ ဆရာမ မွအိမ္မေခၚေတာ႔ဘူး။ ၾကားလား”
ေက်ာ္ေဇာ၏ ဖခင္ ဒုတိယဗိုလ္မွဴးႀကီး သက္ခိုင္ရဲ႕ ရာဇသံကားျပင္းထန္လွသည္။ ေက်ာ္ေဇာဆိုေသာ သူကလည္း သူပါပဲ။ ဆယ္တန္းစကတည္းက ကဂ်ီကေခ်ာင္ အေတာ္ႏိုင္ခဲ႔သည္။ Broken Famliy ကလာသည္႔ေက်ာ္ေဇာတစ္ေယာက္ ဘယ္ အရာကိုမွအလိုမက်ခဲ႔တာခုမွမဟုတ္။ အေမနဲ႔အေဖ အိမ္ေထာင္စကြဲကတည္းက။ ထိုအခ်ိန္ကတည္းက မိခင္ေမတၱာငတ္ခဲ႔သလို ပတ္၀န္းက်င္ကို အရြဲ႕တိုက္ၿပီး ျပသနာ ရွာလြန္းသျဖင္႔ ခဏခဏေက်ာင္းအုပ္ႀကီးရုံးခန္းသို႔ေရာက္ခဲ႔သည္။
ေနာက္ၿပီး အိမ္ကို က်ဴရွင္လာသင္ေသာ ဆရာ/ ဆရာမေတြနဲ႔လည္း မၾကာခဏ ကေတာက္ကစျဖစ္ကာ ခ်ိန္းခဲ႔ရသည္ကား ယခုလာမည္႔ ဆရာမနဲ႔ဆို ေလးေယာက္ ေျမာက္။ ဒီတစ္ေခါက္ကေတာ႔ သူနဲ႔ အသက္ ေလးႏွစ္ေလာက္သာႀကီးသည္႔ ေဆး ေက်ာင္းသူ ဂိုက္ဆရာမဆိုပါလား။
“မမနာမည္က ႏြယ္နီေမလို႔ေခၚတယ္ ေမာင္ေက်ာ္ေဇာ”
တစ္ဦးတည္းေသာသားမို႔ ဖူးဖူးမႈတ္ခံထားရေသာ ေက်ာ္ေဇာတစ္ေယာက္ သူနဲ႔ အသက္သိပ္မကြာလွသည္႔ မိန္းမတစ္ေယာက္က ေမာင္ေက်ာ္ေဇာေခၚသံေၾကာင္႔ နည္းနည္းေတာ႔တင္းသြားသည္။ ထံုးစံအတိုင္း ထီမထင္ ဂ်စ္ကန္ကန္ပံုစံနဲ႔ပင္ ထပ္မံႀကိဳ ဆိုကာ ပညာထပ္ေပးသည္။
“ဒီေန႔ ….. ငါ႔ေမာင္ ျမန္မာစာ xxxxxx”

မည္သို႔ပင္ဆိုေစကာမူ သူဘယ္လိုပဲ ျပဳမူျပဳမူ မမေမ တစ္ေယာက္သူ႔အေပၚ စိတ္ရွည္သည္းခံရွာသည္။ အျခားေသာ ဂိုက္ဆရာေတြနဲ႔လံုးလံုးမတူေသာ ထိုအခ်က္က သူ႔အေပၚ ေကာင္းေကာင္းႀကီးအႏိုင္ယူႏိုင္ခဲ႔သည္။ စိတ္အားထက္သန္ပံုကလည္း ၾကည္႔ပါေလ။ ေက်ာ္ေဇာ၏ေက်ာင္းစာေမးပြဲအျပင္ သူ႔ဘာသာသူ အထူးထုတ္မ်ားထဲမွ ေမးခြန္းမ်ားကိုထုတ္ကာ ခဏခဏစစ္ေဆးသည္။
“မင္းက ဥာဏ္ေကာင္းပါတယ္ ….. ပ်င္းတာေလးတစ္ခုပဲ”
ထိုစကားစုက မမေမရဲ႕ လက္သံုးစကားမ်ားပင္။ ေက်ာ္ေဇာဆိုေသာ သူကလည္း တစ္မ်ိဳး။ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ ၿပိဳင္ရင္ႏိုင္မွ ႀကိဳက္သည္။ ဒါ႔ေၾကာင္႔ မမေမရဲ႕ လမ္းညႊန္မႈေအာက္တြင္္ ႀကိဳးစားက်က္မွတ္ခဲ႔သည္။ သုိ႔ေသာ္ …. ပထမအစမ္း စာေမးပြဲ ႀကီးအၿပီး Result ထြက္လာခ်ိန္တြင္ေတာ႔ ၄ ဘာသာတြင္သာ ဂုဏ္ထူးနားကပ္ၿပီး က်န္ႏွစ္ ဘာသာကေတာ႔ ၆၀ ေက်ာ္မွ်ျဖစ္ခဲ႔သည္။
“ဟင္ …. ဒါမင္းရဲ႕ ကိုယ္စြမ္းဥာဏ္စြမ္းရွိသေလာက္ပဲေပါ႔
ဟုတ္လား ….. ေမာင္ေက်ာ္ေဇာ”
အဲ႔ဒီ႔ေန႔က သူမ မထြက္စဖူးေဒါသေတြထြက္ကာ ဆူပူႀကိမ္းေမာင္းခဲ႔သည္ကို ေက်ာ္ေဇာ ပထမဆံုးအႀကိမ္ျမင္ေတြ႕ခဲ႔ရသည္။
“ဟာဗ်ာ ….. ေတာ္ၿပီေပါ႔။ ဒီေလာက္ပဲဟာကို
ဘာေတြလာထူးေနတာတုန္း ….. ”
သူ႔ရဲ႕ ျပန္လည္ခြန္းတံု႔ျပန္သံၾကားေတာ႔ မႏြယ္နီေမ ေခၚ မမေမ တစ္ေယာက္ သူ႔ကို စူးစူးစိုက္စိုက္ၾကည္႔ကာ
“ေအး ….. ငါကကိုယ္တိုင္လည္းေတာ္သလို
ငါ ဂိုက္လုပ္ေပးတဲ႔ မင္းအေပၚမွာလည္း ေတာ္ေစခ်င္တယ္ကြ
ခုေတာ႔ …. မင္းကနာမည္သာေက်ာ္ေဇာေနတာ
လူကေတာ႔ ဘာမွပံုကိုမလာဘူး”
ဘယ္သူ႔ကိုမွ အေၾကာအစီးမခံခဲ႔သည္႔ ေက်ာ္ေဇာတစ္ေယာက္ ဒီတစ္ခါေတာ႔ အရႈိက္ကို တည္႔တည္႔ထိမွန္ခဲ႔သည္။
“ေနစမ္းပါဦးဗ် ….. ခင္ဗ်ားကေကာ
ဘယ္ေလာက္ေတာ္ေနလို႔တုန္း
ေဆးေက်ာင္းေလးတက္ရတာမ်ား
ဒီမယ္ …. က်ဳပ္ကဆရာ၀န္၀ါသနာမပါဘူးဗ်
လုပ္လည္းမလုပ္ခ်င္ဘူး။ က်ဳပ္လုပ္ခ်င္တာ အေဖ႔လိုစစ္ဗိုလ္”
မခံခ်င္စိတ္နဲ႔ သူမကို ဆတ္ဆတ္ထိမခံျပန္ပက္မိသည္။
 “ေအး …. ေဆးေက်ာင္းတက္ခ်င္း မတက္ခ်င္းထက္
တက္ခြင္႔ရဖို႔ပဲ အရင္ႀကိဳးစားပါဦးကြာ
အဟမ္း …. ဒီပံုစံနဲ႔လား”
ေယာက်ာၤးတစ္ေယာက္ရဲ႕ မာန … ဂ်စ္ကန္ကန္ေကာင္ေလးတစ္ေယာက္ရဲ႕ ေဒါသတို႔ကို ငယ္ထိပ္သို႔ပိုေရာက္ေစသည္႔ စကားလံုးေတြကား ဆူးဆူးနစ္နစ္ လြင္႔စင္ လာသည္။ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ကာ မတ္တပ္ထရပ္ၿပီး မမေမနဲ႔ မ်က္ႏွာ ခ်င္းဆိုင္လိုက္ကာ
“ေအး ….. ေစာင္႔ၾကည္႔လိုက္ဗ်ာ
က်ဳပ္ရေအာင္ႀကိဳးစားျပမယ္။
အဲ႔က်မွ ဆက္ေျပာၾကတာေပါ႔”
အေျပာနဲ႔ အလုပ္ညီေအာင္ ေက်ာ္ေဇာတစ္ေယာက္ႀကိဳးစားခဲ႔သည္။ ေန႔မနား ညမအား စာက်က္မွတ္ခဲ႔သည္။ ဒီရက္ပိုင္းအတြင္းမွာေတာ႔ သူနဲ႔ မမေမတစ္ေယာက္ စကားနည္းခဲ႔သလို ရင္းႏွီးမႈေတြျပန္လည္ေပ်ာက္ဆံုးသြားခဲ႔သည္။ ေနာက္ဆံုးေတာ႔ … ဆယ္တန္းစာေမးပြဲႀကီးေျဖၿပီးခ်ိန္တြင္ ပိုေ၀းကြာေစခဲ႔သည္။ မႏၱေလးတစ္ၿမိဳ႕ထဲျဖစ္ ေစကာမူ သူကနန္းတြင္းထဲမွာ မမေမတို႔က ၃၅ လမ္းေပၚမွာ။ ဒါေတာင္သူမသြားျဖစ္ခဲ႔။
ဒီလိုနဲ႔ စာေမးပြဲေအာင္စာရင္းေတြထြက္ေတာ႔ ေက်ာ္ေဇာတစ္ေယာက္ ငါးဘာသာ ဂုဏ္ထူးျဖင္႔ေအာင္ျမင္ခဲ႔သလို အမွတ္ေပါင္းကလည္း ၅၀၀ ေက်ာ္ခဲ႔သည္။ အဲ႔ဒီေန႔က ေဖေဖ႔ရဲ႕ ဆူပါကပ္ဆိုင္ကယ္ကိုတက္စီးကာ မမေမ တို႔အိမ္ကိုသြားၿပီး ေက်ာ္ေဇာ တစ္ေယာက္ ေၾကြးေၾကာ္ခဲ႔သည္။
“ေဟ႔ …… ဒီမွာဗ်ိဳ႕…..က်ဳပ္ဆယ္တန္းေအာင္ၿပီ
5D ပါတယ္။ ဘယ္႔နဲ႔ရွိစ ……. မႏြယ္နီေမ”
အိမ္ထဲရွိ အေဒၚႀကီးတစ္ေယာက္ထြက္လာကာ သူ႔ကိုစူးစူးနစ္နစ္ၾကည္႔ရင္း မမေမ ကိုလွမ္းေခၚသည္။ မမေမရဲ႕ အေမမ်ားလား။ ခဏၾကာေတာ႔ ….. သူ႔ရဲ႕ မမေမ တစ္ေယာက္ဆင္းလာသည္။ မ်က္ႏွာမွာလည္း အျပံဳးပန္းေတြေ၀လို႔။
“ငါ႔ေမာင္တကယ္ေျပာတာလား
၀မ္းသာလိုက္တာကြယ္ …. ဒါမွ မမေမာင္ေလးကြ”
လာစတုန္းကအထင္နဲ႔အျမင္တက္တက္စင္ေအာင္လြဲခဲ႔သျဖင္႔ ေက်ာ္ေဇာတစ္ ေယာက္  တအံ႔တၾသႏွင္႔ မမေမကိုသာ စိုက္ၾကည္႔ေနမိသည္။ သူထင္တာက ရႈံးႏိုမ္႔ သြားလို႔ စိတ္ညစ္သြားတဲ႔ မမေမကိုျမင္ရမဲ႔အစား ခုေတာ႔ တအား၀မ္းသာၾကည္ႏူးေန သျဖင္႔ ကိုယ္႔ဘာသာကိုယ္ေတာင္ အားနာသြားမိသည္။
“ဒါဆိုေတာ႔ …. ငါ႔ေမာင္ေဆးေက်ာင္းတက္မွာေပါ႔”
ရုတ္တရက္ေမးလိုက္တဲ႔ ေမးခြန္းကိုေျဖဖုိ႔ ေက်ာ္ေဇာမွာအေျဖရွိၿပီးသားပါ
“မတက္ပါဘူးဗ်ာ။ ကၽြန္ေတာ္ကဆရာ၀န္လုပ္တာမွ
၀ါသနာမပါတာ။ ခုဟာက မမ ကိုႏိုင္ခ်င္လို႔ႀကိဳးစားတာ
ကၽြန္ေတာ္ DSA တက္မွာဘာ”
သူ႔အေျဖကိုၾကားေတာ႔ ၀မ္းသာေနသည္႔ မမေမ မ်က္ႏွာခ်က္ခ်င္း ျငိႈးက်သြားရွာ သည္။ စစ္သားလုပ္မွာကို သူ႔မမေမ ႀကိဳက္ပံုမေပၚ။ ေအာ္ …. ႀကိဳက္ႀကိဳက္ မႀကိဳက္ ႀကိဳက္ သူ႔ဘ၀သူကိုယ္တိုင္ေရြးခ်ယ္ကာ စစ္တကၠသိုလ္ကိုတက္ခဲ႔သည္။ ပထမႏွစ္တုန္း ကေတာ႔ သူဘယ္သူ႔ကိုမွ ဖုန္းမဆက္ အဆက္အသြယ္မလုပ္ႏိုင္ခဲ႔။ စာတစ္ေစာင္သာ မမေမဆီပို႔ႏိုင္ခဲ႔သည္။ ပထမႏွစ္ခြင္႔ျပန္ေတာ႔ မမေမ ရွိရာ မႏၱေလးေဆးတကၠသိုလ္ကို သြားေရာက္လည္ပတ္ရင္း သံေယာဇဥ္ေတြလြန္းတင္ႏိုင္ခဲ႔သည္။
“ငါ႔ေမာင္က ယူနီေဖာင္းနဲ႔ေတာ႔ ခန္႔သား”
ပထမႏွစ္ခြင္႔ျပန္ကာစ ေျမာက္ၾကြေျမာက္ၾကြႏွင္႔ ယူနီေဖာင္းႀကီး၀တ္ကာ ဗိုလ္ေလာင္းအေဆာင္အေယာင္အျပည္႔ျဖင႔္ ေဆးေက်ာင္းထဲသြားလည္ေတာ႔ အကုန္ လံုးက သူ႔ကို တအံ႔တၾသ ၀ိုင္းၾကည္႔ၾကသည္။ ရွက္လိုက္တာျဖစ္ခ်င္း။ သို႔ေပမဲ႔ မမေမ တစ္ေယာက္ကေတာ႔ ထိုထဲတြင္မပါ၀င္ခဲ႔။ ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ ဦးပိန္တံတားကို သြားကာ ညေနခင္းေတြကိုျဖတ္သန္းခဲ႔သည္။ တံတားကိုဆံုးေအာင္မေလွ်ာက္ရင္ ခ်စ္သူေတြကြဲတတ္သည္ဆိုတဲ႔ ေရွးေဟာင္း ဒဏာရီဆန္ဆန္ ပံုျပင္ေလးကို မမကို ေျပာျပသျဖင္႔ ဟိုဘက္ထိေရာက္ေအာင္ေလွ်ာက္ မည္ေျပာေတာ႔ မမေမ တစ္ေယာက္ ပါးျပင္ကေလးရဲကာ ရွက္ေသြးျဖာေနပံုကေတာ႔ ေက်ာ္ေဇာရင္ထဲ ဘယ္ေတာ႔မွမေမ႔။
အဲ႔ကေနၿပီး မဟာျမတ္မုႏိုဆီဆက္ေလွ်ာက္လွမ္းကာ ေတာင္းဆုေတြေျခြရင္း မမ ေမက သူ႔ရဲ႔ပန္းကေလးကို ေက်ာ္ေဇာကိုယူကာထိုးေစေတာ႔ ၾကည္ႏူးလိုက္တာဆိုတာ ေလ။ တကယ္တမ္းေတာ႔ သူ႔ဘ၀ကား အေငြ႕ကိုစားသံုးေနေသာ နတ္တစ္ပါးလို။ ခ်စ္ခြင္႔ပန္ဖို႔ အႀကိမ္ႀကိမ္သူႀကိဳးစားခဲ႔ေသာ္လည္းအရာမ၀င္ခဲ႔။ တကယ္တမ္းက်ေတာ႔ အခ်ိန္ေတြဆိုတာ ကုန္လိုက္တာျမန္လိုက္သည္ျဖစ္ခ်င္း။ ပထမႏွစ္ခြင္႔ရက္ေစ႔လို႔ သူ ျပင္ဦးလြင္ကိုျပန္တက္ၿပီး ဒုတိယႏွစ္ျဖတ္သန္းခ်ိန္မွာေတာ႔ Outpass ရတိုင္း သူ႔ မမ ေမဆီကို ဖုန္းေတြဆက္ျဖစ္သည္။ စာေတြပို႔ျဖစ္သည္။
“ေမာင္ေလး …… အေႏြးထည္လည္း၀တ္ဦးေနာ္
မနက္အေစာႀကီးေရမခ်ိဳးနဲ႔ … ၾကားလား
အဆုတ္အေအးပတ္ေနဦးမယ္”
မမေမ ကေတာ႔သူ႔အတြက္ စိတ္ပူလို႔မွာတာျဖစ္ေပမဲ႔ ျဖတ္သန္းရတဲ႔ ဘ၀ေတြက သူမေျပာတာေတြနဲ႔ တျခားစီေလ။ ဒါေၾကာင္႔ သူရီေတာ႔ ဟိုကစိတ္ဆိုးၿပီး ဖုန္းခ်ကာ ႏွစ္ပတ္ေလာက္စိတ္ေကာက္သြားသည္။ ေက်ာ္ေဇာတစ္ေယာက္ ေနမထိထိုင္မသာျဖစ္ ကာအရူးမီး၀ိုင္းခဲ႔သည္။ ေက်ာင္းေတာ္ႀကီးရဲ႕ ေလ႔က်င္႔မႈေတြကပင္ပန္းတာတစ္မ်ိဳး အခ်စ္ရဲ႕ ရိုက္ခတု္မႈေတြေၾကာင္႔ ေမာပန္းတာကတစ္မ်ိဳးနဲ႔။
“မမ …..စိတ္မဆိုးပါနဲ႔ဗ်ာ …..”
ေနာက္ဆံုးေတာ႔လည္း မမေမ တစ္ေယာက္ သူ႔ရဲ႕ ေခ်ာျမဴမႈေတြၾကားမွာ ျပန္ေပ်ာ႔သြားရတာပါဘဲေလ။ ဒုတိယႏွစ္တစ္ႏွစ္လံုးကေတာ႔ ေက်ာ္ေဇာအဖို႔ ေန႔တိုင္းက သာယာလွပလွသည္။ အပတ္စဥ္ ညေနတိုင္း ဗ်ဴဟာဆိုင္မွ ဖုန္းဆိုင္ကိုေရာက္သလို Outpass ရတဲ႔ေန႔တိုင္းမွာ ဥာဏ္ေတာအ၀ိုင္းနားက ဖုန္းဆိုင္ကား သူ႔အိမ္လိုလိုဘာ လိုလိုနဲ႔ …….
“second year …. သတိလည္းထားဦး
ေတာ္ၾကာ ေဒါက္တာမမနဲ႔ မညားဘဲ
MPT မမနဲ႔ ညားေနမယ္ … ဟားဟား”
တပ္ခြဲမွ ေနာက္ဆံုးႏွစ္ ဗိုလ္ေလာင္းမ်ားပင္ စၾက ေနာက္ၾက သည္အထိ နာမည္ သတင္းေက်ာ္ေဇာလာသည္။ သို႔ေပသိ …. ကိုယ္႔၀မ္းနာ ကိုယ္သာသိသည္။ မမနဲ႔ သူက ခုခ်ိန္ထိ ရည္းစားမဟုတ္ၾကေသး။ ဖုန္းထဲတြင္ေတာ႔ မမ ကသူ႔ကို ပံုျပင္ေတြ ေျပာျပသလို သူကလည္း မမ ကိုသီခ်င္းေတြဆိုျပရုံမွတစ္ပါး ဒီ႔ထက္ ပိုတိုးမလာခဲ႔။ ပိုၿပီးအံ႔ၾသဖို႔ေကာင္းတာက သူဖုန္းမဆက္ျဖစ္လွ်င္ မမ တစ္ေယာက္ ပ်ာယာေတြခပ္ၿပီး ဗ်ဴဟာဆိုင္ဖုန္းကိုေခၚၿပီး ေမးတတ္တာ။ ဆိုေတာ႔ …. သူသိသည္။ မမ လည္းသူ႔အေပၚ သံေယာဇဥ္ေတြေတာ႔တြယ္ေနၿပီ။
“ေဟ်ာင္႔ ….. ေက်ာ္ေဇာ …. ဆင္းဆင္း
လဒရဲ႕ မႏၱေလးဘူတာရုံေရာက္တာ ငါးမိနစ္ရွိၿပီ
ဘာေတြေတြးေနတာလဲ”
ေက်ာ္ေဇာရဲ႕ အတိတ္ေရယာဥ္ေၾကာတြင္ စီးေျမာမႈကား သူငယ္ခ်င္း စည္သူေအာင္ ေျပာမွ အဆက္ျပတ္သြားသည္။ ပတ္၀န္းက်င္ကို လွမ္းၾကည္႔လိုက္ေတာ႔ သူတို႔စီးလာသည္႔ FAW ကားႀကီးသည္ မႏၱေလးဘူတာတြင္ဆိုက္ေနၿပီ။ ကမန္းကတမ္း အထုပ္ေတြ အပိုးေတြကိုခ်ကာ ၀န္းက်င္ကိုပတ္ခ်ာလည္လိုက္ရွာလိုက္သည္။ မမေမ မ်ားလာႀကိဳေလမလားဆိုတဲ႔ ေမွ်ာ္လင္႔ခ်က္နဲ႔ေပါ႔။ လာမႀကိဳလည္း ကိစၥေတာ႔မရွိေခ်။ ေဖေဖ႔တပ္ကလာႀကိဳတဲ႔ GrandTiger ကားေပၚ အထုပ္အပိုးေတြတင္ေပးၿပီး အရပ္၀တ္ တစ္ထည္အျမန္ဆံုးလဲကာ ဆိုင္ကယ္ Taxi နဲ႔ ၃၅ လမ္းေပၚရွိ မမေမတို႔အိမ္ဆီသို႔ အေျပးေလးလာခဲ႔သည္။
အိမ္ေရွ႕ကိုေရာက္ေတာ႔ လူေတြနည္းနည္းမ်ားေနသလို စိတ္ထဲခံစားရသည္။ လာတဲ႔လူေတြအကုန္လံုးကလည္းအလွဴအိမ္ကိုလာေနသလို သားသားနားနားနဲ႔။ Taxi ခရွင္းၿပီး ေက်ာ္ေဇာတစ္ေယာက္ ကုပ္ေခ်ာင္းေခ်ာင္းနဲ႔ အဆိုပါအိမ္နားသို႔ခ်ဥ္းကပ္ကာ အိမ္ထဲမွထြက္လာသည္႔ အမ်ိဳးသားတစ္ေယာက္ကိုတားကာ စကားစရွာၾကည္႔ေတာ႔ ….
“ဒီေန႔ ….. ႏြယ္နီေမတို႔ေစ႔စပ္ပြဲေလကြာ
အာ႔ဖိတ္လို႔ေဟ႔ …. ဖိတ္လို႔”
သတင္းအတိအက်ကိုရလိုက္ေတာ႔ ေက်ာ္ေဇာတစ္ေယာက္ ကမၻာႀကီး ပတ္ခ်ာလည္လိုက္သြားသလိုရင္ထဲခံစားမိသည္။ ၀မ္းနည္းရမွာလား ၀မ္းသာရမွာလား။ အရူးလုပ္ခံလိုက္ရတာလား သစၥာမဲ႔ခံလိုက္ရတာလား။ အသည္းကြဲသူခ်င္းအတူတူ သူ႔ မွာေတာ႔ တပ္စရာေခါင္းစဥ္က မည္မည္ရရကိုမရွိခဲ႔။
“ခင္ဗ်ားသိပ္ေတာ္ပါတယ္ … ေဒါက္တာ”
စိတ္ထဲေျပာရင္း နီးစပ္ရာက ဆိုင္ကယ္ Taxi ကိုတားကာ အိမ္ကိုျပန္လာခဲ႔ေတာ႔ သည္။ အိမ္ထဲေရာက္ေတာ႔ အေဖတစ္ေယာက္ ထမင္းစားခ်ိန္ျပန္လာတာနဲ႔ တည္႔တည္႔ တိုးသည္။
“ငါ႔သား ….. မင္း မမ အိမ္ကျပန္လာတာလား”
မေျဖခ်င္သည္႔ေမးခြန္းကို ေမးေနေပမဲ႔ ေခါင္းၿငိမ္႔ကာေျဖရင္း အိပ္ခန္းထဲသို႔ ၀င္ မည္အလုပ္
“အဲ႔ေကာင္မေလးက … ငါ႔ဆီကိုလာဖိတ္ထားတာေတာ႔ၾကာၿပီ
မင္းကိုမေျပာပါနဲ႔ဆိုလို႔ ငါမေျပာတာ
ျမန္မာျပည္မွာ မိန္းမ သန္း ၃၀ ရွိပါတယ္ကြာ။ ခံစားမေနနဲ႔”
အေဖ႔ရဲ႕ ႏွစ္သိမ္႔သံေတြက မည္မွ်ပင္ေကာင္းေကာင္း သူ႔ရဲ႕ ဒဏ္ရာကို မေျဖ ေပ်ာက္ႏိုင္ခဲ႔။ ဒုတိယႏွစ္ခြင္႔ျပန္ခ်ိန္ေတြကား သူ႔ဘ၀ရဲ႕ မုန္တိုင္းေန႔စြဲေတြလား။ အခ်ိန္ ကာလေတြကလည္း ကုန္ျမန္လြန္းလွသည္။ တတိယႏွစ္မွာေတာ႔ စာကိုႀကိဳးစား က်က္မွတ္ရင္း အခ်ိန္ေတြကိုကုစားရင္း ေက်ာင္းဆင္းကာ ဒုတိယဗိုလ္အျဖစ္ အမွတ္ (၇) ဆက္သြယ္ေရးတပ္ရင္း ဘားအံၿမိဳ႕ကို တာ၀န္က်ခဲ႔သည္။
ဒုဗိုလ္ ဘ၀ကားေတာ႔ … ပထမႏွစ္ဗိုလ္ေလာင္းလိုပင္။ အရာရာကို အစကျပန္ လည္ သင္ယူကာ သင္တန္းေတြခ်ည္းလိမ္႔တက္ေနရသျဖင္႔ ေက်ာ္ေဇာတစ္ေယာက္ မမေမ ကိုသတိမရခဲ႔။ တစ္ခါတစ္ရံ အရာရွိရိပ္သာတြင္ TV ၾကည္႔သည္႔အခ်ိန္ အခ်စ္ ဇာတ္လမ္းေလးပါလာမွသာ ျပန္လည္အမွတ္ရခဲ႔သည္။ ဆယ္႔ႏွစ္ရာသီခြင္ေတြ ကုန္ဆံုး ကာ ဗိုလ္ အပြင္႔ကိုတင္သည္ႏွင္႔ အေမာင္ေက်ာ္ေဇာတစ္ေယာက္ စကခ( ) ဆက္သြယ္ေရးတပ္ခြဲသို႔တြဲဖက္ကာ နည္းဗ်ဴဟာစစ္ဆင္ေရးအဖြဲ႕၏ ဆက္သြယ္ေရး တပ္စုမွဴးအျဖစ္ ကရင္ျပည္နယ္ အဇင္း ေဒသသို႔လိုက္ပါတာ၀န္ထမ္းခဲ႔ရင္း မမေမ ႏွင္႔ ပတ္သတ္ေသာ အပိုင္းအစအခ်ိဳ႕က ေက်ာ္ေဇာ ရင္ဘတ္ကိုတည္႔တည္လာ ထိမွန္သည္။

ဆက္ရန္ေမွ်ာ္
မင္းထက္ေက်ာ္ေဇာ
+++++
Unicode
  
လွမ်းရစ်နေဦးပေါ့ ….. မောင့်မှာ
(၁)
“ကျော်ဇော …….. မင်းကဘာတွေလောနေတာတုန်း
မန္တလေးဆင်းရမဲ့ကောင်ကများ ….. ကားပေါ်နေရာတွေလာလုနေသေး”
အမောင်ကျော်ဇောတစ်ယောက် လောနေပုံကိုကြည့်ပြီး ကြာတော့ သူငယ်ချင်း တွေသောက်မြင့်ကတ်လာသည်ထင်သည်။ ကြည့်ပါလေ …. ဒုတိယနှစ်ပြီးဆုံးလို့ မိဘရပ်ထံခွင့်ပြန်မှာချင်းအတူတူ ကားပေါ်သို့ရှေ့ဆုံးကနေလုတက်နေပုံများမြင်လို့ကို မကောင်း။
“ဟ …… ငါကခုတောင်ရောက်ချင်နေပြီကွ
ဟိုမှာ ….. မမမေ စောင့်နေမှာ”
စစ်တက္ကသိုလ် ဗိုလ်လောင်းဝတ်စုံကို ကျော့မော့နေအောင် ဝတ်ဆင်ထားသော ဗိုလ်လောင်းကျော်ဇောတစ်ယောက် သူ့အိပ်မက်နဲ့သူ့အတွေးပျော်တွေကို သူငယ်ချင်း တစ်စုကိုထုတ်ပြောကာ ပျော်နေမိသည်။
“မမ ….. ကျွန်တော် ဒီဇင်ဘာ ၃၁ ထဲပြန်ခဲ့မယ်
ဆက်ဆက်စောင့်နေနော် …..”
ကျောင်းဆင်းပွဲကာလ မမမေ ဆိုသော မနွယ်နီမေ ဆီအလုအယက်ဖုန်းဆက် ရင်း ပြောကြားခဲ့သော စကားများ။ သူနဲ့ မမမေ တို့ဆိုတာက သမီးရည်းစားလည်း မကျ။ မောင်နှမထက်ပိုသည့် သံယောဇဉ်မျိုးတွယ်တွာခဲ့သည်မှာ ဆယ်တန်းကတည်းကနေ ယခုအချိန်ထိဆို သုံးနှစ်မျှ ရှိပြီ။
“မင်း …. မနက်ဖြန်ကျရင် Guide ဆရာမ
တစ်ယောက်ထပ်ပြောင်းထားတယ်။
ဒီတစ်ခါနဲ့ဆို မင်းလေးယောက်ရှိပြီ
အေး …. ဒီတစ်ယောက်ကိုမှ မင်းထပ်ပြသနာရှာလို့ကတော့
ဘာ ဆရာမ မှအိမ်မခေါ်တော့ဘူး။ ကြားလား”
ကျော်ဇော၏ ဖခင် ဒုတိယဗိုလ်မှူးကြီး သက်ခိုင်ရဲ့ ရာဇသံကားပြင်းထန်လှသည်။ ကျော်ဇောဆိုသော သူကလည်း သူပါပဲ။ ဆယ်တန်းစကတည်းက ကဂျီကချောင် အတော်နိုင်ခဲ့သည်။ Broken Famliy ကလာသည့်ကျော်ဇောတစ်ယောက် ဘယ် အရာကိုမှအလိုမကျခဲ့တာခုမှမဟုတ်။ အမေနဲ့အဖေ အိမ်ထောင်စကွဲကတည်းက။ ထိုအချိန်ကတည်းက မိခင်မေတ္တာငတ်ခဲ့သလို ပတ်ဝန်းကျင်ကို အရွဲ့တိုက်ပြီး ပြသနာ ရှာလွန်းသဖြင့် ခဏခဏကျောင်းအုပ်ကြီးရုံးခန်းသို့ရောက်ခဲ့သည်။
နောက်ပြီး အိမ်ကို ကျူရှင်လာသင်သော ဆရာ/ ဆရာမတွေနဲ့လည်း မကြာခဏ ကတောက်ကစဖြစ်ကာ ချိန်းခဲ့ရသည်ကား ယခုလာမည့် ဆရာမနဲ့ဆို လေးယောက် မြောက်။ ဒီတစ်ခေါက်ကတော့ သူနဲ့ အသက် လေးနှစ်လောက်သာကြီးသည့် ဆေး ကျောင်းသူ ဂိုက်ဆရာမဆိုပါလား။
“မမနာမည်က နွယ်နီမေလို့ခေါ်တယ် မောင်ကျော်ဇော”
တစ်ဦးတည်းသောသားမို့ ဖူးဖူးမှုတ်ခံထားရသော ကျော်ဇောတစ်ယောက် သူနဲ့ အသက်သိပ်မကွာလှသည့် မိန်းမတစ်ယောက်က မောင်ကျော်ဇောခေါ်သံကြောင့် နည်းနည်းတော့တင်းသွားသည်။ ထုံးစံအတိုင်း ထီမထင် ဂျစ်ကန်ကန်ပုံစံနဲ့ပင် ထပ်မံကြို ဆိုကာ ပညာထပ်ပေးသည်။
“ဒီနေ့ ….. ငါ့မောင် မြန်မာစာ xxxxxx”
မည်သို့ပင်ဆိုစေကာမူ သူဘယ်လိုပဲ ပြုမူပြုမူ မမမေ တစ်ယောက်သူ့အပေါ် စိတ်ရှည်သည်းခံရှာသည်။ အခြားသော ဂိုက်ဆရာတွေနဲ့လုံးလုံးမတူသော ထိုအချက်က သူ့အပေါ် ကောင်းကောင်းကြီးအနိုင်ယူနိုင်ခဲ့သည်။ စိတ်အားထက်သန်ပုံကလည်း ကြည့်ပါလေ။ ကျော်ဇော၏ကျောင်းစာမေးပွဲအပြင် သူ့ဘာသာသူ အထူးထုတ်များထဲမှ မေးခွန်းများကိုထုတ်ကာ ခဏခဏစစ်ဆေးသည်။
“မင်းက ဉာဏ်ကောင်းပါတယ် ….. ပျင်းတာလေးတစ်ခုပဲ”
ထိုစကားစုက မမမေရဲ့ လက်သုံးစကားများပင်။ ကျော်ဇောဆိုသော သူကလည်း တစ်မျိုး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြိုင်ရင်နိုင်မှ ကြိုက်သည်။ ဒါ့ကြောင့် မမမေရဲ့ လမ်းညွှန်မှုအောက်တွင် ကြိုးစားကျက်မှတ်ခဲ့သည်။ သို့သော် …. ပထမအစမ်း စာမေးပွဲ ကြီးအပြီး Result ထွက်လာချိန်တွင်တော့ ၄ ဘာသာတွင်သာ ဂုဏ်ထူးနားကပ်ပြီး ကျန်နှစ် ဘာသာကတော့ ၆၀ ကျော်မျှဖြစ်ခဲ့သည်။
“ဟင် …. ဒါမင်းရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ပဲပေါ့
ဟုတ်လား ….. မောင်ကျော်ဇော”
အဲ့ဒီ့နေ့က သူမ မထွက်စဖူးဒေါသတွေထွက်ကာ ဆူပူကြိမ်းမောင်းခဲ့သည်ကို ကျော်ဇော ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရသည်။
“ဟာဗျာ ….. တော်ပြီပေါ့။ ဒီလောက်ပဲဟာကို
ဘာတွေလာထူးနေတာတုန်း ….. ”
သူ့ရဲ့ ပြန်လည်ခွန်းတုံ့ပြန်သံကြားတော့ မနွယ်နီမေ ခေါ် မမမေ တစ်ယောက် သူ့ကို စူးစူးစိုက်စိုက်ကြည့်ကာ
“အေး ….. ငါကကိုယ်တိုင်လည်းတော်သလို
ငါ ဂိုက်လုပ်ပေးတဲ့ မင်းအပေါ်မှာလည်း တော်စေချင်တယ်ကွ
ခုတော့ …. မင်းကနာမည်သာကျော်ဇောနေတာ
လူကတော့ ဘာမှပုံကိုမလာဘူး”
ဘယ်သူ့ကိုမှ အကြောအစီးမခံခဲ့သည့် ကျော်ဇောတစ်ယောက် ဒီတစ်ခါတော့ အရှိုက်ကို တည့်တည့်ထိမှန်ခဲ့သည်။
“နေစမ်းပါဦးဗျ ….. ခင်ဗျားကကော 
ဘယ်လောက်တော်နေလို့တုန်း
ဆေးကျောင်းလေးတက်ရတာများ
ဒီမယ် …. ကျုပ်ကဆရာဝန်ဝါသနာမပါဘူးဗျ
လုပ်လည်းမလုပ်ချင်ဘူး။ ကျုပ်လုပ်ချင်တာ အဖေ့လိုစစ်ဗိုလ်”
မခံချင်စိတ်နဲ့ သူမကို ဆတ်ဆတ်ထိမခံပြန်ပက်မိသည်။
 “အေး …. ဆေးကျောင်းတက်ချင်း မတက်ချင်းထက်
တက်ခွင့်ရဖို့ပဲ အရင်ကြိုးစားပါဦးကွာ
အဟမ်း …. ဒီပုံစံနဲ့လား”
ယောကျာၤးတစ်ယောက်ရဲ့ မာန … ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ရဲ့ ဒေါသတို့ကို ငယ်ထိပ်သို့ပိုရောက်စေသည့် စကားလုံးတွေကား ဆူးဆူးနစ်နစ် လွင့်စင် လာသည်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ မတ်တပ်ထရပ်ပြီး မမမေနဲ့ မျက်နှာ ချင်းဆိုင်လိုက်ကာ
“အေး ….. စောင့်ကြည့်လိုက်ဗျာ
ကျုပ်ရအောင်ကြိုးစားပြမယ်။
အဲ့ကျမှ ဆက်ပြောကြတာပေါ့”
အပြောနဲ့ အလုပ်ညီအောင် ကျော်ဇောတစ်ယောက်ကြိုးစားခဲ့သည်။ နေ့မနား ညမအား စာကျက်မှတ်ခဲ့သည်။ ဒီရက်ပိုင်းအတွင်းမှာတော့ သူနဲ့ မမမေတစ်ယောက် စကားနည်းခဲ့သလို ရင်းနှီးမှုတွေပြန်လည်ပျောက်ဆုံးသွားခဲ့သည်။ နောက်ဆုံးတော့ … ဆယ်တန်းစာမေးပွဲကြီးဖြေပြီးချိန်တွင် ပိုဝေးကွာစေခဲ့သည်။ မန္တလေးတစ်မြို့ထဲဖြစ် စေကာမူ သူကနန်းတွင်းထဲမှာ မမမေတို့က ၃၅ လမ်းပေါ်မှာ။ ဒါတောင်သူမသွားဖြစ်ခဲ့။
ဒီလိုနဲ့ စာမေးပွဲအောင်စာရင်းတွေထွက်တော့ ကျော်ဇောတစ်ယောက် ငါးဘာသာ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သလို အမှတ်ပေါင်းကလည်း ၅၀၀ ကျော်ခဲ့သည်။ အဲ့ဒီနေ့က ဖေဖေ့ရဲ့ ဆူပါကပ်ဆိုင်ကယ်ကိုတက်စီးကာ မမမေ တို့အိမ်ကိုသွားပြီး ကျော်ဇော တစ်ယောက် ကြွေးကြော်ခဲ့သည်။
“ဟေ့ …… ဒီမှာဗျို့…..ကျုပ်ဆယ်တန်းအောင်ပြီ
5D ပါတယ်။ ဘယ့်နဲ့ရှိစ ……. မနွယ်နီမေ”
အိမ်ထဲရှိ အဒေါ်ကြီးတစ်ယောက်ထွက်လာကာ သူ့ကိုစူးစူးနစ်နစ်ကြည့်ရင်း မမမေ ကိုလှမ်းခေါ်သည်။ မမမေရဲ့ အမေများလား။ ခဏကြာတော့ ….. သူ့ရဲ့ မမမေ တစ်ယောက်ဆင်းလာသည်။ မျက်နှာမှာလည်း အပြုံးပန်းတွေဝေလို့။
“ငါ့မောင်တကယ်ပြောတာလား
ဝမ်းသာလိုက်တာကွယ် …. ဒါမှ မမမောင်လေးကွ”
လာစတုန်းကအထင်နဲ့အမြင်တက်တက်စင်အောင်လွဲခဲ့သဖြင့် ကျော်ဇောတစ် ယောက်  တအံ့တသြနှင့် မမမေကိုသာ စိုက်ကြည့်နေမိသည်။ သူထင်တာက ရှုံးနိုမ့် သွားလို့ စိတ်ညစ်သွားတဲ့ မမမေကိုမြင်ရမဲ့အစား ခုတော့ တအားဝမ်းသာကြည်နူးနေ သဖြင့် ကိုယ့်ဘာသာကိုယ်တောင် အားနာသွားမိသည်။
“ဒါဆိုတော့ …. ငါ့မောင်ဆေးကျောင်းတက်မှာပေါ့”
ရုတ်တရက်မေးလိုက်တဲ့ မေးခွန်းကိုဖြေဖို့ ကျော်ဇောမှာအဖြေရှိပြီးသားပါ
“မတက်ပါဘူးဗျာ။ ကျွန်တော်ကဆရာဝန်လုပ်တာမှ
ဝါသနာမပါတာ။ ခုဟာက မမ ကိုနိုင်ချင်လို့ကြိုးစားတာ
ကျွန်တော် DSA တက်မှာဘာ”
သူ့အဖြေကိုကြားတော့ ဝမ်းသာနေသည့် မမမေ မျက်နှာချက်ချင်း ငြှိုးကျသွားရှာ သည်။ စစ်သားလုပ်မှာကို သူ့မမမေ ကြိုက်ပုံမပေါ်။ အော် …. ကြိုက်ကြိုက် မကြိုက် ကြိုက် သူ့ဘဝသူကိုယ်တိုင်ရွေးချယ်ကာ စစ်တက္ကသိုလ်ကိုတက်ခဲ့သည်။ ပထမနှစ်တုန်း ကတော့ သူဘယ်သူ့ကိုမှ ဖုန်းမဆက် အဆက်အသွယ်မလုပ်နိုင်ခဲ့။ စာတစ်စောင်သာ မမမေဆီပို့နိုင်ခဲ့သည်။ ပထမနှစ်ခွင့်ပြန်တော့ မမမေ ရှိရာ မန္တလေးဆေးတက္ကသိုလ်ကို သွားရောက်လည်ပတ်ရင်း သံယောဇဉ်တွေလွန်းတင်နိုင်ခဲ့သည်။
“ငါ့မောင်က ယူနီဖောင်းနဲ့တော့ ခန့်သား”
ပထမနှစ်ခွင့်ပြန်ကာစ မြောက်ကြွမြောက်ကြွနှင့် ယူနီဖောင်းကြီးဝတ်ကာ ဗိုလ်လောင်းအဆောင်အယောင်အပြည့်ဖြင့် ဆေးကျောင်းထဲသွားလည်တော့ အကုန် လုံးက သူ့ကို တအံ့တသြ ဝိုင်းကြည့်ကြသည်။ ရှက်လိုက်တာဖြစ်ချင်း။ သို့ပေမဲ့ မမမေ တစ်ယောက်ကတော့ ထိုထဲတွင်မပါဝင်ခဲ့။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဦးပိန်တံတားကို သွားကာ ညနေခင်းတွေကိုဖြတ်သန်းခဲ့သည်။ တံတားကိုဆုံးအောင်မလျှောက်ရင် ချစ်သူတွေကွဲတတ်သည်ဆိုတဲ့ ရှေးဟောင်း ဒဏာရီဆန်ဆန် ပုံပြင်လေးကို မမကို ပြောပြသဖြင့် ဟိုဘက်ထိရောက်အောင်လျှောက် မည်ပြောတော့ မမမေ တစ်ယောက် ပါးပြင်ကလေးရဲကာ ရှက်သွေးဖြာနေပုံကတော့ ကျော်ဇောရင်ထဲ ဘယ်တော့မှမမေ့။
အဲ့ကနေပြီး မဟာမြတ်မုနိုဆီဆက်လျှောက်လှမ်းကာ တောင်းဆုတွေခြွေရင်း မမ မေက သူ့ရဲ့ပန်းကလေးကို ကျော်ဇောကိုယူကာထိုးစေတော့ ကြည်နူးလိုက်တာဆိုတာ လေ။ တကယ်တမ်းတော့ သူ့ဘဝကား အငွေ့ကိုစားသုံးနေသော နတ်တစ်ပါးလို။ ချစ်ခွင့်ပန်ဖို့ အကြိမ်ကြိမ်သူကြိုးစားခဲ့သော်လည်းအရာမဝင်ခဲ့။ တကယ်တမ်းကျတော့ အချိန်တွေဆိုတာ ကုန်လိုက်တာမြန်လိုက်သည်ဖြစ်ချင်း။ ပထမနှစ်ခွင့်ရက်စေ့လို့ သူ ပြင်ဦးလွင်ကိုပြန်တက်ပြီး ဒုတိယနှစ်ဖြတ်သန်းချိန်မှာတော့ Outpass ရတိုင်း သူ့ မမ မေဆီကို ဖုန်းတွေဆက်ဖြစ်သည်။ စာတွေပို့ဖြစ်သည်။
“မောင်လေး …… အနွေးထည်လည်းဝတ်ဦးနော်
မနက်အစောကြီးရေမချိုးနဲ့ … ကြားလား
အဆုတ်အအေးပတ်နေဦးမယ်”
မမမေ ကတော့သူ့အတွက် စိတ်ပူလို့မှာတာဖြစ်ပေမဲ့ ဖြတ်သန်းရတဲ့ ဘဝတွေက သူမပြောတာတွေနဲ့ တခြားစီလေ။ ဒါကြောင့် သူရီတော့ ဟိုကစိတ်ဆိုးပြီး ဖုန်းချကာ နှစ်ပတ်လောက်စိတ်ကောက်သွားသည်။ ကျော်ဇောတစ်ယောက် နေမထိထိုင်မသာဖြစ် ကာအရူးမီးဝိုင်းခဲ့သည်။ ကျောင်းတော်ကြီးရဲ့ လေ့ကျင့်မှုတွေကပင်ပန်းတာတစ်မျိုး အချစ်ရဲ့ ရိုက်ခတု်မှုတွေကြောင့် မောပန်းတာကတစ်မျိုးနဲ့။
“မမ …..စိတ်မဆိုးပါနဲ့ဗျာ …..”
နောက်ဆုံးတော့လည်း မမမေ တစ်ယောက် သူ့ရဲ့ ချောမြူမှုတွေကြားမှာ ပြန်ပျော့သွားရတာပါဘဲလေ။ ဒုတိယနှစ်တစ်နှစ်လုံးကတော့ ကျော်ဇောအဖို့ နေ့တိုင်းက သာယာလှပလှသည်။ အပတ်စဉ် ညနေတိုင်း ဗျူဟာဆိုင်မှ ဖုန်းဆိုင်ကိုရောက်သလို Outpass ရတဲ့နေ့တိုင်းမှာ ဉာဏ်တောအဝိုင်းနားက ဖုန်းဆိုင်ကား သူ့အိမ်လိုလိုဘာ လိုလိုနဲ့ …….
“second year …. သတိလည်းထားဦး
တော်ကြာ ဒေါက်တာမမနဲ့ မညားဘဲ
MPT မမနဲ့ ညားနေမယ် … ဟားဟား”
တပ်ခွဲမှ နောက်ဆုံးနှစ် ဗိုလ်လောင်းများပင် စကြ နောက်ကြ သည်အထိ နာမည် သတင်းကျော်ဇောလာသည်။ သို့ပေသိ …. ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်။ မမနဲ့ သူက ခုချိန်ထိ ရည်းစားမဟုတ်ကြသေး။ ဖုန်းထဲတွင်တော့ မမ ကသူ့ကို ပုံပြင်တွေ ပြောပြသလို သူကလည်း မမ ကိုသီချင်းတွေဆိုပြရုံမှတစ်ပါး ဒီ့ထက် ပိုတိုးမလာခဲ့။ ပိုပြီးအံ့သြဖို့ကောင်းတာက သူဖုန်းမဆက်ဖြစ်လျှင် မမ တစ်ယောက် ပျာယာတွေခပ်ပြီး ဗျူဟာဆိုင်ဖုန်းကိုခေါ်ပြီး မေးတတ်တာ။ ဆိုတော့ …. သူသိသည်။ မမ လည်းသူ့အပေါ် သံယောဇဉ်တွေတော့တွယ်နေပြီ။ 
“ဟျောင့် ….. ကျော်ဇော …. ဆင်းဆင်း
လဒရဲ့ မန္တလေးဘူတာရုံရောက်တာ ငါးမိနစ်ရှိပြီ
ဘာတွေတွေးနေတာလဲ”
ကျော်ဇောရဲ့ အတိတ်ရေယာဉ်ကြောတွင် စီးမြောမှုကား သူငယ်ချင်း စည်သူအောင် ပြောမှ အဆက်ပြတ်သွားသည်။ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ သူတို့စီးလာသည့် FAW ကားကြီးသည် မန္တလေးဘူတာတွင်ဆိုက်နေပြီ။ ကမန်းကတမ်း အထုပ်တွေ အပိုးတွေကိုချကာ ဝန်းကျင်ကိုပတ်ချာလည်လိုက်ရှာလိုက်သည်။ မမမေ များလာကြိုလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ လာမကြိုလည်း ကိစ္စတော့မရှိချေ။ ဖေဖေ့တပ်ကလာကြိုတဲ့ GrandTiger ကားပေါ် အထုပ်အပိုးတွေတင်ပေးပြီး အရပ်ဝတ် တစ်ထည်အမြန်ဆုံးလဲကာ ဆိုင်ကယ် Taxi နဲ့ ၃၅ လမ်းပေါ်ရှိ မမမေတို့အိမ်ဆီသို့ အပြေးလေးလာခဲ့သည်။
အိမ်ရှေ့ကိုရောက်တော့ လူတွေနည်းနည်းများနေသလို စိတ်ထဲခံစားရသည်။ လာတဲ့လူတွေအကုန်လုံးကလည်းအလှူအိမ်ကိုလာနေသလို သားသားနားနားနဲ့။ Taxi ခရှင်းပြီး ကျော်ဇောတစ်ယောက် ကုပ်ချောင်းချောင်းနဲ့ အဆိုပါအိမ်နားသို့ချဉ်းကပ်ကာ အိမ်ထဲမှထွက်လာသည့် အမျိုးသားတစ်ယောက်ကိုတားကာ စကားစရှာကြည့်တော့ ….
“ဒီနေ့ ….. နွယ်နီမေတို့စေ့စပ်ပွဲလေကွာ
အာ့ဖိတ်လို့ဟေ့ …. ဖိတ်လို့”
သတင်းအတိအကျကိုရလိုက်တော့ ကျော်ဇောတစ်ယောက် ကမ္ဘာကြီး ပတ်ချာလည်လိုက်သွားသလိုရင်ထဲခံစားမိသည်။ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား။ အရူးလုပ်ခံလိုက်ရတာလား သစ္စာမဲ့ခံလိုက်ရတာလား။ အသည်းကွဲသူချင်းအတူတူ သူ့ မှာတော့ တပ်စရာခေါင်းစဉ်က မည်မည်ရရကိုမရှိခဲ့။ 
“ခင်ဗျားသိပ်တော်ပါတယ် … ဒေါက်တာ”
စိတ်ထဲပြောရင်း နီးစပ်ရာက ဆိုင်ကယ် Taxi ကိုတားကာ အိမ်ကိုပြန်လာခဲ့တော့ သည်။ အိမ်ထဲရောက်တော့ အဖေတစ်ယောက် ထမင်းစားချိန်ပြန်လာတာနဲ့ တည့်တည့် တိုးသည်။
“ငါ့သား ….. မင်း မမ အိမ်ကပြန်လာတာလား”
မဖြေချင်သည့်မေးခွန်းကို မေးနေပေမဲ့ ခေါင်းငြိမ့်ကာဖြေရင်း အိပ်ခန်းထဲသို့ ဝင် မည်အလုပ် 
“အဲ့ကောင်မလေးက … ငါ့ဆီကိုလာဖိတ်ထားတာတော့ကြာပြီ
မင်းကိုမပြောပါနဲ့ဆိုလို့ ငါမပြောတာ
မြန်မာပြည်မှာ မိန်းမ သန်း ၃၀ ရှိပါတယ်ကွာ။ ခံစားမနေနဲ့”
အဖေ့ရဲ့ နှစ်သိမ့်သံတွေက မည်မျှပင်ကောင်းကောင်း သူ့ရဲ့ ဒဏ်ရာကို မဖြေ ပျောက်နိုင်ခဲ့။ ဒုတိယနှစ်ခွင့်ပြန်ချိန်တွေကား သူ့ဘဝရဲ့ မုန်တိုင်းနေ့စွဲတွေလား။ အချိန် ကာလတွေကလည်း ကုန်မြန်လွန်းလှသည်။ တတိယနှစ်မှာတော့ စာကိုကြိုးစား ကျက်မှတ်ရင်း အချိန်တွေကိုကုစားရင်း ကျောင်းဆင်းကာ ဒုတိယဗိုလ်အဖြစ် အမှတ် (၇) ဆက်သွယ်ရေးတပ်ရင်း ဘားအံမြို့ကို တာဝန်ကျခဲ့သည်။
ဒုဗိုလ် ဘဝကားတော့ … ပထမနှစ်ဗိုလ်လောင်းလိုပင်။ အရာရာကို အစကပြန် လည် သင်ယူကာ သင်တန်းတွေချည်းလိမ့်တက်နေရသဖြင့် ကျော်ဇောတစ်ယောက် မမမေ ကိုသတိမရခဲ့။ တစ်ခါတစ်ရံ အရာရှိရိပ်သာတွင် TV ကြည့်သည့်အချိန် အချစ် ဇာတ်လမ်းလေးပါလာမှသာ ပြန်လည်အမှတ်ရခဲ့သည်။ ဆယ့်နှစ်ရာသီခွင်တွေ ကုန်ဆုံး ကာ ဗိုလ် အပွင့်ကိုတင်သည်နှင့် အမောင်ကျော်ဇောတစ်ယောက် စကခ( ) ဆက်သွယ်ရေးတပ်ခွဲသို့တွဲဖက်ကာ နည်းဗျူဟာစစ်ဆင်ရေးအဖွဲ့၏ ဆက်သွယ်ရေး တပ်စုမှူးအဖြစ် ကရင်ပြည်နယ် အဇင်း ဒေသသို့လိုက်ပါတာဝန်ထမ်းခဲ့ရင်း မမမေ နှင့် ပတ်သတ်သော အပိုင်းအစအချို့က ကျော်ဇော ရင်ဘတ်ကိုတည့်တည်လာ ထိမှန်သည်။

ဆက်ရန်မျှော်
မင်းထက်ကျော်ဇော


No comments:

Post a Comment