Links

clock

Thursday, December 19, 2019

ေဒၚေအာင္ဆန္းစုၾကည္သြားတဲ့ေနရာမွာ မိုင္း ၃ လုံးကြဲ

ဒေါ်အောင်ဆန်းစုကြည်သွားရောက်နေတဲ့ မာန်အောင်မြို့မှာ မိုင်းသုံးလုံးကွဲ
~~~~~~~~~~

■ နိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်နေတဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ဒီနေ့နံနက် မိုင်း ၃ လုံး ဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။



နံနက် ၆း၃၀ ဝန်းကျင်မှာ မာန်အောင်မြို့ထဲနဲ့ မာန်အောင်ဟိုတယ်ကို ဆက်သွယ်ထားတဲ့ လမ်းနံဘေးမှာ ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မိုင်းပေါက်ကွဲရာ နေရာနဲ့ မာန်အောင်ဟိုတယ်ဟာ ၂ ဖာလုံဝန်းကျင်ပဲ ဝေးပါတာမို့ ပေါက်ကွဲသံကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတယ်လို့ ဟိုတယ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် အဲဒီမာန်အောင်ဟိုတယ်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ တခြားပြည်နယ် ဝန်ကြီးတချို့လည်း ရောက်နေကြပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတာကြောင့် အဲဒီနေရာကို လုံခြုံရေးတွေ သွားရောက်စစ်ဆေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

"'ဒီမှာလုံခြုံရေးတွေ ထူထူထပ်ထပ် ချထားပါတယ်။ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး"

မာန်အောင်ဟိုတယ်ဟာ မြို့ရဲ့မြောက်ဘက်မှာတည်ရှိပြီးတော့ မြို့နဲ့ ဟိုတယ်ဆက်သွယ်ထားတဲ့ တစ်ခုတည်းသောလမ်းပါ။ ဒီမိုင်းပေါက်ကွဲမှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်တယ်ဆိုတာ မသိရှိရသေးပါဘူး။ နိုင်ငံတော် တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့နံနက် သံတွဲမြို့ကနေတဆင့် လေယာဉ်နဲ့ မာန်အောင်မြို့ကို လာရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ မာန်အောင်လေဆိပ်တာဝန်ကျ အရာရှိတစ်ဦးကတော့ နံနက် ၁၀ နာရီ ဝန်းကျင်မှာ ဆိုက်ရောက်မယ်လို့ ခန့်မှန်းထားကြောင်းပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မာန်အောင်လေဆိပ်မှာ ရဲအင်အား အနည်းဆုံး ၅၀ ဝန်းကျင် ချထားတယ်လို့လည်း ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့ရဲ့သီးခြားအတည်ပြုချက်ရယူနိုင်ဖို့ RFA က ဆက်သွယ်မေးမြန်းနေဆဲပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတာဝန်ရှိသူတွေဟာ ဟယ်လီကော်ပတာ လေးစီးနဲ့ ဆိုလာစက်ရုံရှိရာကို လာရောက်မယ်လို့ သိရပါတယ်။

မိုင်းဖြစ်စဉ်ကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းမှု ရှိ၊ မရှိကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီဇင်ဘာ ၁၈ ရက်နေ့ ပြည်တွင်း သတင်းတချို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မာန်အောင်ခရီးစဉ်မှာ လူထုတွေ့ဆုံပွဲပြုလုပ်သွားဖို့ရှိတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဖွင့်လှစ်မယ့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ (Solar) ဓာတ်အားပေးစက်ရုံဖွင့်ပွဲအတွက် လာရောက်နေတာပါ။ အဲဒီစက်ရုံကို တောင်ကိုးရီးယားနိုင်ငံအခြေစိုက် ပေါ်စကိုဒေဝူး (Posco Daewoo) ကုမ္ပဏီက ၂၀၁၈ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီးတော့၊ မာန်အောင်မြို့က မြို့ပေါ်ရပ်ကွက် ၅ နဲ့ ကျေးရွာ ၂ ခုကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနေတာဖြစ်ပါတယ်။ ၂၀၂၀ မှာတော့ မာန်အောင်တစ်မြို့နယ်လုံးကို ဖြန့်ဖြူးပေးဖို့ ဆောင်ရွက်နေတာရှိတယ်လို့လည်း သိရပါတယ်။
RFA
- Unicode
~~~~~~~~~~~~~

ေဒၚေအာင္ဆန္းစုၾကည္သြားေရာက္ေနတဲ့ မာန္ေအာင္ၿမိဳ႕မွာ မိုင္းသုံးလုံးကြဲ
~~~~~~~~~~
■ ႏိုင္ငံေတာ္ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သြားေရာက္ေနတဲ့ ရခိုင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕မွာ ဒီေန႔နံနက္ မိုင္း ၃ လုံး ဆက္တိုက္ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ပါတယ္။

နံနက္ ၆း၃၀ ဝန္းက်င္မွာ မာန္ေအာင္ၿမိဳ႕ထဲနဲ႔ မာန္ေအာင္ဟိုတယ္ကို ဆက္သြယ္ထားတဲ့ လမ္းနံေဘးမွာ ဆက္တိုက္ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြက RFA ကို ေျပာပါတယ္။

မိုင္းေပါက္ကြဲရာ ေနရာနဲ႔ မာန္ေအာင္ဟိုတယ္ဟာ ၂ ဖာလုံဝန္းက်င္ပဲ ေဝးပါတာမို႔ ေပါက္ကြဲသံကို က်ယ္က်ယ္ေလာင္ေလာင္ ၾကားလိုက္ရတယ္လို႔ ဟိုတယ္ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ႀကိဳဆိုဖို႔အတြက္ အဲဒီမာန္ေအာင္ဟိုတယ္မွာ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုနဲ႔ တျခားျပည္နယ္ ဝန္ႀကီးတခ်ိဳ႕လည္း ေရာက္ေနၾကပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားတာေၾကာင့္ အဲဒီေနရာကို လုံၿခဳံေရးေတြ သြားေရာက္စစ္ေဆးေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

"'ဒီမွာလုံၿခဳံေရးေတြ ထူထူထပ္ထပ္ ခ်ထားပါတယ္။ သိပ္ေတာ့ စိုးရိမ္စရာမရွိပါဘူး"

မာန္ေအာင္ဟိုတယ္ဟာ ၿမိဳ႕ရဲ႕ေျမာက္ဘက္မွာတည္ရွိၿပီးေတာ့ ၿမိဳ႕နဲ႔ ဟိုတယ္ဆက္သြယ္ထားတဲ့ တစ္ခုတည္းေသာလမ္းပါ။ ဒီမိုင္းေပါက္ကြဲမႈရဲ႕ ေနာက္ကြယ္မွာ ဘယ္သူေတြ ပါဝင္ပတ္သက္တယ္ဆိုတာ မသိရွိရေသးပါဘူး။ ႏိုင္ငံေတာ္ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီေန႔နံနက္ သံတြဲၿမိဳ႕ကေနတဆင့္ ေလယာဥ္နဲ႔ မာန္ေအာင္ၿမိဳ႕ကို လာေရာက္မွာျဖစ္တယ္လို႔ သိရပါတယ္။ မာန္ေအာင္ေလဆိပ္တာဝန္က် အရာရွိတစ္ဦးကေတာ့ နံနက္ ၁၀ နာရီ ဝန္းက်င္မွာ ဆိုက္ေရာက္မယ္လို႔ ခန႔္မွန္းထားေၾကာင္းေျပာပါတယ္။

မိုင္းေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ မာန္ေအာင္ေလဆိပ္မွာ ရဲအင္အား အနည္းဆုံး ၅၀ ဝန္းက်င္ ခ်ထားတယ္လို႔လည္း ေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ရဲတပ္ဖြဲ႕ရဲ႕သီးျခားအတည္ျပဳခ်က္ရယူႏိုင္ဖို႔ RFA က ဆက္သြယ္ေမးျမန္းေနဆဲပါ။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစိုးရတာဝန္ရွိသူေတြဟာ ဟယ္လီေကာ္ပတာ ေလးစီးနဲ႔ ဆိုလာစက္႐ုံရွိရာကို လာေရာက္မယ္လို႔ သိရပါတယ္။

မိုင္းျဖစ္စဥ္ေၾကာင့္ ခရီးစဥ္ကို ေ႐ႊ႕ဆိုင္းမႈ ရွိ၊ မရွိကိုေတာ့ အတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။

ဒီဇင္ဘာ ၁၈ ရက္ေန႔ ျပည္တြင္း သတင္းတခ်ိဳ႕မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ မာန္ေအာင္ခရီးစဥ္မွာ လူထုေတြ႕ဆုံပြဲျပဳလုပ္သြားဖို႔ရွိတယ္လို႔ ေရးသားေဖာ္ျပထားၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီေန႔ ဖြင့္လွစ္မယ့္ ေနေရာင္ျခည္စြမ္းအင္သုံး ဆိုလာ (Solar) ဓာတ္အားေပးစက္႐ုံဖြင့္ပြဲအတြက္ လာေရာက္ေနတာပါ။ အဲဒီစက္႐ုံကို ေတာင္ကိုးရီးယားႏိုင္ငံအေျခစိုက္ ေပၚစကိုေဒဝူး (Posco Daewoo) ကုမၸဏီက ၂၀၁၈ ခုႏွစ္မွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီးေတာ့၊ မာန္ေအာင္ၿမိဳ႕က ၿမိဳ႕ေပၚရပ္ကြက္ ၅ နဲ႔ ေက်း႐ြာ ၂ ခုကို လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေနတာျဖစ္ပါတယ္။ ၂၀၂၀ မွာေတာ့ မာန္ေအာင္တစ္ၿမိဳ႕နယ္လုံးကို ျဖန႔္ျဖဴးေပးဖို႔ ေဆာင္႐ြက္ေနတာရွိတယ္လို႔လည္း သိရပါတယ္။
RFA
- Zawgyi
~~~~~~~~~~~~~

No comments:

Post a Comment