Links
clock
Wednesday, December 18, 2019
နေပြည်တော် ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့ ၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် သံကျွန်း ၏အနောက်ဘက် ရေမိုင် ၁၃၅ မိုင်ခန့် အကွာ၌ မသင်္ကာ
ဖွယ် လှေတစ်စင်းတွေ့ရှိ သဖြင့် သွားရောက်စစ်ဆေးရာ အလျား ၆၅ ပေ၊ အနံ ၁၁ ပေ၊ ရေစူး ၈ ပေခန့် ကျော်ခိုင်တိုးအမည်ရှိ လှေပေါ်တွင် ပဲ့နင်း ဖြစ်သူ ဦးမျိုးဇော်အပါအဝင် အဖွဲ့ဝင် ခုနစ်ဦး အား တရားမဝင် ခိုးဝင်လာသည့် ဘင်္ဂါလီ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ကလေး ၂၂ ဦး စုစုပေါင်း ၁၇၃ ဦးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိလှေ၊ မြန်မာအမျိုးသား ခုနစ်ဦးနှင့် ဘင်္ဂါလီ ၁၇၃ ဦးတို့အား ကော့ သောင်းမြို့နယ်ရှိ သက်ဆိုင်ရာသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source---တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
---
Zawgyi
နေပြည်တော် ဒီဇင်ဘာ ၁၆
No comments:
Post a Comment