Links

clock

Thursday, December 19, 2019

လြမ္းရစ္ေနဦးေပါ႔ ….. ေမာင္႔မွာ (၃) Zawgyi/Unicode


လွမ်နေရစ်ဦးပေါ့ မောင့်မှ(ာ ၃)

 လွပလြန္းေသာ တနဂၤေႏြေန႔၏ မနက္ ၅း၃၀ အခ်ိန္ကတည္းက ဗိုလ္ႀကီး ေက်ာ္ေဇာတစ္ေယာက္ အိပ္ယာမွ ႏႈိးကာသီခ်င္းေလးတေအးေအးႏွင္႔ မမေမ ဆီသြား ေရာက္ေတြ႕ဆံုဖို႔ျပင္ဆင္ေနေလၿပီ။ ဒီေန႔ကား ရုံးပိတ္ရက္ဆိုေတာ႔ တစ္ခန္းတည္းအတူ ေန တစ္ပတ္စဥ္တည္း ဗိုလ္ႀကီးမိုးေဇာ္ တစ္ေယာက္ အိပ္ခ်င္မူးတူးႏွင္႔ထကာ



 “ေဟ်ာင္႔ …. ေက်ာ္ေဇာ

 ဘာေတြျဖစ္ေနတာလဲကြာ …. သီခ်င္းေတြလည္းဆိုလို႔

 မင္းဌက္ဆိုးထိုးသံႀကီးနဲ႔ …. ဒီမွာအိပ္ေနတယ္ဟ”

 ဟုေျပာဆိုရင္း ေခါင္းအံုးကို မ်က္ႏွာေပၚတင္ကာ ျပန္အိပ္ေလသည္။ ေက်ာ္ေဇာ ကေတာ႔ ဒီအခ်ိန္မွာ ဘယ္သူေတြ ဘာေျပာေျပာ မမူပါေလ။

 “ေအး ….. ငါသြားစရာရွိလို႔ကြ”

 တကယ္တမ္းကေတာ႔ မမေမ ကိုမနက္ ၉း၀၀ ေလာက္မွဖုန္းဆက္ၿပီးခ်ိန္းမည္ ဟု ပထမတြင္စိတ္ပိုင္းျဖတ္ထားေသာ္လည္း ေတြ႕ခ်င္ေဇာေတြမ်ားေနသျဖင္႔ ညကတည္း က ေကာင္းေကာင္း အိပ္မေပ်ာ္ခဲ႔။ ၇း၀၀ ထိုးခ်ိန္တြင္ေတာ႔ သူေရမိုးခ်ိဳး အ၀တ္အစားလွဲ ၿပီးလို႔ အားလံုးၿပီးစီးေနခ်ိန္ျဖစ္သျဖင္႔ ေစာင္႔မေနေတာ႔ဘဲ လက္ဆြဲေတာ္ ဆိုင္ကယ္ ကေလးကိုႏႈိးကာ ဘားအံ ျပည္သူ႔ေဆးရုံႀကီးဆီသို႔ ခရီးဆက္ခဲ႔သည္။ ဒီေန႔မွပဲ ေကာင္းကင္ႀကီးတစ္ခုလံုးကား သာယာေနသလို ေအးခ်မ္းလြန္းလွတဲ႔ ေလႏုေအး ေလးေတြတိုက္ခတ္ေနသည္။

 ဘားအံေဆးရုံႀကီးကိုေရာက္ေတာ႔ … ေက်ာ္ေဇာတစ္ေယာက္ ေဆးရုံ၀န္း အတြင္းရွိ မမေမ ရွိရာ Ward ကိုစံုစမ္းကာအေရာက္သြားခဲ႔သည္။ ဟိုေရာက္ေတာ႔ ညက ဂ်ဴတီက်သျဖင္႔ တာ၀န္က်ဆရာ၀န္ရုံးခန္းေရွ႕က စားပြဲခံုေပၚတြင္ေမွာက္အိပ္ ေနေသာ မမေမ ကိုေတြ႕ရသည္။ အျပစ္ကင္းလြန္းလွတဲ႔ သူ႔ခ်စ္သူ။ ဒါနဲ႔ပဲ ေက်ာ္ေဇာ တစ္ေယာက္ အေပၚမွထပ္၀တ္လာေသာ စစ္ဂ်ာကင္ကိုခၽြတ္ကာ မမေမ ၏ကိုယ္ေပၚကို လႊမ္းရုံၿပီး ေဘးနားရွိကုလားထိုင္ေပၚတြင္၀င္ထိုင္ကာ ခ်စ္သူမ်က္ႏွာကို လႀကီးသဖြယ္ ခုမွပဲ ေစ႔ေစ႔စပ္စပ္ လြတ္လြတ္လပ္လပ္ ၾကည္႔ရႈႏိုင္ေတာ႔သည္။

 မိန္းမတို႔ရဲ႕အလွဆံုးအခ်ိန္ဟာ မနက္အိပ္ယာႏိုးစအခ်ိန္တဲ႔။ ကိုယ္ခ်စ္ရေသာ ခ်စ္သူမို႔လို႔လားမသိ မမေမရဲ႕ မ်က္ႏွာကေလးသည္ ဘာအျပင္အဆင္မွမပါဘဲ လွပႏိုင္လြန္းသည္။

 “မမ ….. ကၽြန္ေတာ္မမကိုတစ္ခုေလာက္ေျပာခ်င္တယ္

 မမ စိတ္မဆိုးနဲ႔ေနာ္”

 ဗိုလ္ေလာင္းဘ၀ကား ထိုစကားကိုစလိုက္တိုင္း မမေမ တစ္ေယာက္ အေၾကာင္း အမ်ိဳးမ်ိဳးျပကာေရွာင္ထြက္ခဲ႔သည္။ ထိုအခ်ိန္ကေတာ႔ ေက်ာ္ေဇာဆိုတာက ၂၀ ပင္ မျပည္႔ေသးတဲ႔ မႏူးမနပ္။ မမေမ ကေတာ႔ ၂၅ ႏွစ္ဆိုတဲ႔ တည္ၿငိမ္ေသာအရြယ္ျဖစ္ေတာ႔ သူပါးစပ္ဟလိုက္တိုင္း ဘယ္ေျခလွမ္းလွမ္းမယ္ဆိုတာ ႀကိဳသိေနခဲ႔တာက သူ႔အတြက္ ဘယ္လိုမွအခြင္႔မသာေသာ လူတစ္ေယာက္ႏွယ္။ ခုေတာ႔ သူကလည္း ၂၅ ႏွစ္အရြယ္။ ရင္႔က်က္တည္ၿငိမ္ေသာသူတစ္ေယာက္မို႔ ထိုစဥ္က အျဖစ္အပ်က္မ်ားကိုျပန္စဥ္းစား ကာ သူ႔ကိုျပန္မခ်စ္ႏိုင္လို႔မ်ားလားဟု သံသယေတြေတာ႔ရွိမိသည္။

 အေတြးေတြနဲ႔ လြင္႔ေမ်ာေနစဥ္ မမေမ တစ္ေယာက္ေမွာက္အိပ္ေနရာမွ လူးလဲ ထလကာ သူမကိုယ္ေပၚလြမ္းျခံဳေနေသာ စစ္ဂ်ာကင္ကိုနားမလည္ေအာင္ျပန္ၾကည္႔ၿပီး သူ႔ဘက္ကိုလွည္႔လိုက္ေတာ႔မွ ေက်ာ္ေဇာေရာက္ေနမွန္းရိပ္စားမိသြားသည္။

 “ေမာင္ …… အင္း …… ေမာင္ေလး

 ဘယ္တုန္းကေရာက္ေနတာတုန္း

 ႏႈိးလိုက္တာမဟုတ္ဘူးကြာ …. ထိုင္ေစာင္႔ေနေသးတယ္”

 ေၾသာ္ …. ရုတ္တရက္ထြက္က်လာေသာ ေမာင္ ဆိုသည္႔စကားလံုးေလး တစ္ခြန္းကား ေက်ာ္ေဇာရင္ထဲ အေႏြးဓာတ္တစ္ခုစီးဆင္းသြားသလိုပင္။ အဲ႔လိုပဲ ဆက္ၿပီးေခၚလိုက္ပါေတာ႔လား မမ ရယ္ ဟုစိတ္ထဲတြင္ေျပာေနမိသည္။

 “မမ …. ညကဂ်ဴတီဆိုေတာ႔အိပ္ေရးပ်က္မွာေလ

 အာ႔ေၾကာင္႔မႏႈိးတာ …. ခုအေဆာင္ျပန္မွာမို႔လား

 ကၽြန္ေတာ္လိုက္ပို႔ေပးမယ္ …..”

 ႏွစ္ေယာက္သားစကားစျမည္ေျပာဆိုၿပီးေနာက္ မမေမ အေဆာင္ရွိရာကို ဆိုင္ကယ္ႏွင္႔လိုက္ပို႔ၿပီး ေက်ာ္ေဇာ ေအာက္ထပ္မွာဘဲေစာင္႔ေနရစ္သည္။ နာရီ၀က္ခန္႔ အၾကာမွာေတာ႔ …..

 “ေမာင္ေလး … ဘယ္သြားၾကမလဲ”

 ေျပာဆိုသံႏွင္႔အတူ ဖီးလိမ္းျပင္ဆင္ၿပီးဆင္းလာေသာ မမေမ ရဲ႕အလွကား နတ္သမီးေလးတစ္ေယာက္ႏွယ္။

 “ပထမဦးဆံုး …. သံလြင္တံတားဟိုဘက္က

 ဘုရင္႔ညီဂူကိုသြားမယ္ …. အဲ႔ကတဆင္႔ xxxx”

 ထိုေန႔ကေတာ႔တစ္ေန႔လံုး မမေမ နဲ႔ပင္အခ်ိန္ေတြကုန္လြန္ခဲ႔သည္။ ဟိုဟိုဒီဒီ ေလွ်ာက္သြားကာ ၾကည္ႏူးခဲ႔ရသလို ငတ္မြတ္ေနေသာ ေမတၱာေတြျပန္ရခဲ႔သည္။ သို႔ေသာ္ သူရခဲ႔သည္႔ ေမတၱာကား ခုခ်ိန္ထိ ၅၂၈ ကိုမွ တစ္မစြန္းႏိုင္ေသး။ ေနာက္ပိုင္း တြင္ေတာ႔ တက္ၾကြလန္းဆန္းသည္႔ ဗိုလ္ႀကီးေက်ာ္ေဇာတစ္ေယာက္ကို တစ္တပ္လံုး အံ႔အားသင္႔ဖြယ္ပင္ေတြ႕ရေလေတာ႔သည္။

 တနၤလာမွ စေနေန႔ထိ ရုံးဆင္းခ်ိန္ေနာက္ပိုင္း ၅း၃၀ ခန္႔တြင္ ဘားအံေဆးရုံႀကီး ဆရာ၀န္အေဆာင္နားတြင္လည္ေကာင္း၊ Ward ထဲတြင္လည္ေကာင္း မၾကာခဏ ေတြ႕ရသည္။ တနဂၤေႏြမွာေတာ႔ တစ္ခါတစ္ေလ အျပင္မွာေလွ်ာက္လည္သလို တစ္ခါ တစ္ေလမွာေတာ႔ …. မမေမ အေဆာင္တြင္ သူမသူငယ္ခ်င္းတစ္စုနဲ႔ ဟိုဟိုဒီဒီခ်က္စား ကာအခ်ိန္ကုန္ခဲ႔သည္။

 “မိန္းမေရ …. ငါတို႔ တပ္ေရးဗိုလ္ႀကီးက ဒီႏွစ္စြံေတာ႔မယ္ထင္တယ္ကြ”

 တပ္ရင္းမွဴးႏွင္႔ ဇနီးပင္ သူ႔ကိုမၾကာခင္အစြံထုတ္ေတာ႔မည္ဟု ထင္မွတ္ေနၾက သည္။ အရာရာကို စိတ္ပိုင္းျဖတ္ၿပီးသည္႔ တစ္ခုေသာ တနဂၤေႏြေန႔တြင္မူ မမေမႏွင္႔ ေတြ႕ဆံုကာ ဖြင္႔ေျပာလိုက္သည္။

 “မမေမ ကိုကၽြန္ေတာ္ခ်စ္တယ္

 ဟိုးအရင္ကတည္းကခ်စ္ေနတာပါ

 ခုမွေျပာျဖစ္တာ။ အဲ႔လိုေျပာလို႔လည္းအခြင္႔အေရးယူတယ္လို႔မသတ္မွတ္နဲ႔

 ကၽြန္ေတာ္ မၿမိဳသိပ္ႏိုင္ေတာ႔ဘူး။ ေနာက္တစ္ေခါက္ခ်စ္ရတဲ႔သူ

 ဖြင္႔မေျပာလိုက္ရတဲ႔ အျဖစ္မ်ိဳးမလိုခ်င္ေတာ႔ဘူးဗ်ာ”

 စစ္သားဆိုေတာ႔ စကားပလႅင္ေတြဘာေတြမခံေတာ႔ဘဲ ေဟာေဟာဒိုင္းဒုိင္း ဖြင္႔ေျပာလိုက္ေတာ႔ ႏြယ္နီေမ ေခၚ မမေမ တစ္ေယာက္ မ်က္ႏွာေလးျပံဳးေယာင္သမ္း သြားသည္။

 “မမ ….. ေမွ်ာ္လင္႔ထားၿပီးသားပါကြယ္

 ဒါေပမဲ႔ … မမစဥ္းစားပါရေစဦးေနာ္ ….”

 ေက်ာ္ေဇာတစ္ေယာက္ မမေမ ရဲ႕အတြင္းစိတ္ကိုနားလည္သေလာက္ ခန္႔မွန္း ၾကည္႔ရပံုေထာက္ရင္ မမ လည္းသူ႔အေပၚခ်စ္ေနတာျဖစ္ႏိုင္သည္။ မခ်စ္ရင္ေတာင္ ေမာင္ႏွမသံေယာဇဥ္ထက္ေတာ႔ပိုေနၿပီ။

 “မမ …. အၾကာႀကီးေတာ႔မစဥ္းစားပါနဲ႔ဗ်ာ

 ကၽြန္ေတာ္႔မွာ ပထမလည္း ႏွစ္ေတြနဲ႔ခ်ီေစာင္႔ခဲ႔ရၿပီးၿပီ

 ေနာက္တစ္ေခါက္ေတာ႔ ……”

 ရင္မွာမေျဖသာသည္႔ ေ၀ဒနာေတြကို လွစ္ဟာျပေနသည္႔ ပါးစပ္ကို မမ က သူ႔လက္ကေလးႏွင္႔အသာလာပိတ္လိုက္သည္။ စိတ္မ်ားဆိုးသြားေလၿပီလား။

 “ေမာင္ေလး ….. မမ မင္းကိုဦးစားေပးစဥ္းစားေပးပါ႔မယ္”

 ေပ်ာ္လိုက္သည္ျဖစ္ခ်င္း။ ဆယ္တန္းကို ၅ ဘာသာဂုဏ္ထူးနဲ႔ေအာင္တုန္းက။ ရာထူးေတြတိုး အပြင္႔ေတြတင္တုန္းကေတာင္ ဒီေလာက္မေပ်ာ္ခဲ႔။

 “မမ …. ကတိေနာ္”

 ဘာပဲျဖစ္ျဖစ္ စိတ္ရွည္လက္ရွည္နဲ႔ပင္ ေက်ာ္ေဇာတစ္ေယာက္ေစာင္႔ခဲ႔သည္။ သို႔ေသာ္ ဒီတစ္ခါလည္း ကံတရားက …………..

 “ဗို္လ္ႀကီး … တပ္ရင္းမွဴးေခၚေနတယ္”

 တပ္ရင္းမွဴးရုံးအကူ ဒုတပ္ၾကပ္ေက်ာ္ေဌးလာေခၚသျဖင္႔ လုပ္လက္စမ်ားကို ခဏ အသာထားကာ ရုံးခန္းအတြင္းသို႔၀င္ေရာက္ခဲ႔သည္။ လက္တင္အေလးျပဳအၿပီးမွာေတာ႔

 “ေအး …. ကိုေက်ာ္ေဇာ

 ခင္ဗ်ားက ဟိုးအရင္ တပ္မေတာ္ဆက္သြယ္မႈကြန္ယက္

 ႀကိဳးမဲ႔ဖုန္း (GOTA) မွာတုန္းက ေတာ္ေတာ္မ်ားမ်ား

 စက္တပ္ဆင္ေရးအေတြ႕အၾကံဳေတြရွိတယ္ဆိုေတာ႔

 ခုတစ္ေခါက္အေရးႀကီးတာ၀န္ေပးစရာရွိလို႔ေခၚလိုက္တာ”

 စကားစကိုခဏသတ္ကာ တပ္ရင္းမွဴး ဒုမွဴးႀကီးကိုကို သူ႔ကိုတစ္ခ်က္ၾကည္႔သည္။

ထို႔ေနာက္ …..

 “ခု … ခင္ဗ်ား မႏၱေလးကိုဆင္းရမယ္

 အဲ႔မွာ …. ကကဆက္က လႈပ္ရွားစက္တပ္ဆင္ေရးအဖြဲ႕

 ေစာင္႔ေနတယ္။ G1 ႀကီးလည္းရွိတယ္

 မႏၱေလးေရာက္တာနဲ႔ xxxxxxxx”

 စစ္ဆင္ေရးအမိန္႔ေတြကို ျပတ္ျပတ္သားသားေပးၿပီးခ်ိန္တြင္ေတာ႔ ဒုမွဴးႀကီး ကိုကို ကသူ႔အတြက္ ျပင္ဆင္ခ်ိန္ နာရီ၀က္ေပးသည္။ ေက်ာ္ေဇာတစ္ေယာက္ အေဆာင္ကို ျပန္ကာ အ၀တ္အစားေတြသိမ္းဆည္းေနခ်ိန္တြင္ ရိပ္သာေရွ႕ကို တပ္ရင္းမွဴးစီးေတာ္ ယာဥ္ ကအဆင္႔သင္႔ေစာင္႔ေနၿပီ။ အခ်ိန္မရွိေတာ႔သျဖင္႔ ဘယ္သူ႔ကိုမွ ႏႈတ္မဆက္ႏိုင္ခဲ႔။ ကားေပၚတက္ၿပီးေနာက္ တပ္ကသူ႔ကို မႏၱေလးထိလိုက္ပို႕သည္။ ဟိုေရာက္ေတာ အသင္႔ႀကိဳေရာက္ရွိေနေသာ ဦးစီး(ပ) ထံသို႔သတင္းပို႔ကာ သူတို႔တစ္ဖြဲကလံုး ျမစ္ႀကီးနားသို႔စုန္ဆင္းခဲ႔ၾကသည္။

 အေၾကာင္းမွာမူ ….. ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္ေျမ လဂ်ားယန္ေဒသရွိ တပ္စခန္းမ်ားကို KIA မ်ားက၀ိုင္းပတ္ျဖတ္ေတာက္ပိတ္ဆို႔လိုက္ၾကသည္။ တပ္မေတာ္မွ ဖယ္ေပးရန္ အႀကိမ္ႀကိမ္ညႊန္ၾကားထားေသာ္လည္း လံုး၀ဖယ္ေပးျခင္းမရွိ သျဖင္႔ အပိတ္ဆို႔ခံ တပ္စခန္းမ်ားကိုကယ္တင္ရန္အတြက္ တပ္မေတာ္သည္ ေရႊလင္းယုန္ စစ္ဆင္ေရးႀကီးကိုစတင္ဆင္ႏႊဲေလေတာ႔သည္။ အဆိုပါစစ္ဆင္ေရးတြင္ မိမိတို႔ ကက(ဆက္) အေနနဲ႔လည္း ဆက္သြယ္မႈကြန္ယက္ကိစၥရပ္မ်ား ေဆာင္ရြက္ရန္ အတြက္ လႈပ္ရွားအဖြဲ႕ဖြဲ႕ကာ ျမစ္ႀကီးနားသို႔ခ်ီတက္လာျခင္းျဖစ္သည္။

 ျမစ္ႀကီးနားကိုဆိုက္ေရာက္ေတာ႔ နယ္ေျမခံ အဆရ (၅) တပ္ရင္း အရာရွိရိပ္သာ တြင္ ဦးစီး (ပ) မွ စစ္ဆင္ေရးအတြက္ Brefing ေပးၿပီး အဖြဲ႕ငယ္မ်ားခြဲကာ ဆက္သြယ္မႈ ကြန္ယက္အတြက္ျပင္ဆင္ၾကေလေတာ႔သည္။ ဒီတစ္ေခါက္ ေက်ာ္ေဇာပါ၀င္ေသာ အဖြဲ႕ သြားရမွာကား ပြိဳင္႔ ၇၇၁ ေခၚေတာင္ကုန္းႀကီး။ ဒီေတာင္ကုန္းေပၚတြင္ ဆက္သြယ္မႈ အတြက္ စက္တပ္ဆင္ၿပီး ေနာက္ထပ္ထိုးစစ္အတြက္လည္းေကာင္း စစ္မဟာဗ်ဴဟာ အတြက္လည္းေကာင္း ဆက္သြယ္မႈေကာင္းေအာင္ေဆာင္ရြက္ရမည္။

 ဗိုလ္ႀကီးေက်ာ္ေဇာ ဦးစီး (၁+၅) အဖြဲ႕ျဖင္႔ အဆိုပါေတာင္ကုန္းဆီသို႔ ခ်ီတက္ကာ စက္တပ္ဆင္ေရးကိစၥမ်ားကိုေအာင္ျမင္စြာေဆာင္ရြက္ႏိုင္ခဲ႔သည္။ ထို႔ေနာက္သူတို႔အဖြဲ႕ ျမစ္ႀကီးနားေလတပ္စခန္းကိုျပန္လည္ခ်ီတက္ကာ အဆိုပါေနရာတြင္ပင္ စစ္ဆင္ေရး ဆက္သြယ္မႈကိစၥရပ္မ်ားထပ္မံေဆာင္ရြက္ၾကျပန္သည္။ စစ္ေရးသည္ အခ်စ္ေရးထက္ အဆတစ္ရာအေရးႀကီးလင္႔ကစား မမေမ ကိုလြမ္းသည္႔စိတ္ကား သူ႔အဖို႔ ေ၀ဒနာ ႀကီးအလားပင္။ ဒီလိုနဲ႔ စစ္ဆင္ေရးကာလႀကီးၿပီးခ်ိန္တြင္ေတာ႔ အေမာင္ေက်ာ္ေဇာ တို႔လူတစ္သိုက္ သက္ဆိုင္ရာတပ္ရင္းေတြကိုျပန္ခဲ႔ၾကသည္။

 အျပန္လမ္းတစ္ေလွ်ာက္လံုး မမေမ ကိုဖုန္းေခၚဆိုရာ စက္ပိတ္ထားတယ္ခ်ည္း ေျဖဆိုေနသျဖင္႔ စိတ္ပူမိသည္။ ေနမ်ားမေကာင္းတာလား။ သူ႔ကိုတစ္ခ်ိန္တုန္းကလိုပဲ ပစ္မ်ားသြားၿပီလားဆိုတဲ႔ ခံစားခ်က္ေတြနဲ႔။ ေနာက္ဆံုး မိခင္တပ္ရင္းကိုေရာက္ၿပီး အရာရွိရိပ္သာတြင္ အိတ္ခ်ကာ အ၀တ္အစားလဲၿပီး မမေမ ဆီသြားမည္အျပဳ



 “ေက်ာ္ေဇာ …. မင္းဟာကခုပဲစစ္ဆင္ေရးကျပန္လာတယ္

 ခုအျပင္သြားေတာ႔မလို႔လားဟ …. ဘာလဲ မင္းမမဆီသြားမလို႔လား

 အာ႔ဆိုရင္ေတာ႔ …. ခဏေနဦးကြ။

 မင္း မမ က မင္းမရွိတဲ႔အခ်ိန္တပ္ကို မင္းနာမည္နဲ႔စာပို႔ထားတယ္

 အာ႔ေလးအရင္ဖတ္သြားဦး။ ေတာ္ၾကာမသိရေကာင္းမလားဆိုၿပီး

 ျပသနာရွာေနဦးမယ္ …. ေရာ႔”

ဆက္ရန္ေမွ်ာ္

မင္းထက္ေက်ာ္ေဇာ
+++Unicode
လွမ်းရစ်နေဦးပေါ့ ….. မောင့်မှာ

(၃)

 လှပလွန်းသော တနင်္ဂနွေနေ့၏ မနက် ၅း၃၀ အချိန်ကတည်းက ဗိုလ်ကြီး ကျော်ဇောတစ်ယောက် အိပ်ယာမှ နှိုးကာသီချင်းလေးတအေးအေးနှင့် မမမေ ဆီသွား ရောက်တွေ့ဆုံဖို့ပြင်ဆင်နေလေပြီ။ ဒီနေ့ကား ရုံးပိတ်ရက်ဆိုတော့ တစ်ခန်းတည်းအတူ နေ တစ်ပတ်စဉ်တည်း ဗိုလ်ကြီးမိုးဇော် တစ်ယောက် အိပ်ချင်မူးတူးနှင့်ထကာ

 “ဟျောင့် …. ကျော်ဇော

 ဘာတွေဖြစ်နေတာလဲကွာ …. သီချင်းတွေလည်းဆိုလို့

 မင်းဌက်ဆိုးထိုးသံကြီးနဲ့ …. ဒီမှာအိပ်နေတယ်ဟ”

 ဟုပြောဆိုရင်း ခေါင်းအုံးကို မျက်နှာပေါ်တင်ကာ ပြန်အိပ်လေသည်။ ကျော်ဇော ကတော့ ဒီအချိန်မှာ ဘယ်သူတွေ ဘာပြောပြော မမူပါလေ။

 “အေး ….. ငါသွားစရာရှိလို့ကွ”

 တကယ်တမ်းကတော့ မမမေ ကိုမနက် ၉း၀၀ လောက်မှဖုန်းဆက်ပြီးချိန်းမည် ဟု ပထမတွင်စိတ်ပိုင်းဖြတ်ထားသော်လည်း တွေ့ချင်ဇောတွေများနေသဖြင့် ညကတည်း က ကောင်းကောင်း အိပ်မပျော်ခဲ့။ ရး၀၀ ထိုးချိန်တွင်တော့ သူရေမိုးချိုး အဝတ်အစားလှဲ ပြီးလို့ အားလုံးပြီးစီးနေချိန်ဖြစ်သဖြင့် စောင့်မနေတော့ဘဲ လက်ဆွဲတော် ဆိုင်ကယ် ကလေးကိုနှိုးကာ ဘားအံ ပြည်သူ့ဆေးရုံကြီးဆီသို့ ခရီးဆက်ခဲ့သည်။ ဒီနေ့မှပဲ ကောင်းကင်ကြီးတစ်ခုလုံးကား သာယာနေသလို အေးချမ်းလွန်းလှတဲ့ လေနုအေး လေးတွေတိုက်ခတ်နေသည်။

 ဘားအံဆေးရုံကြီးကိုရောက်တော့ … ကျော်ဇောတစ်ယောက် ဆေးရုံဝန်း အတွင်းရှိ မမမေ ရှိရာ Ward ကိုစုံစမ်းကာအရောက်သွားခဲ့သည်။ ဟိုရောက်တော့ ညက ဂျူတီကျသဖြင့် တာဝန်ကျဆရာဝန်ရုံးခန်းရှေ့က စားပွဲခုံပေါ်တွင်မှောက်အိပ် နေသော မမမေ ကိုတွေ့ရသည်။ အပြစ်ကင်းလွန်းလှတဲ့ သူ့ချစ်သူ။ ဒါနဲ့ပဲ ကျော်ဇော တစ်ယောက် အပေါ်မှထပ်ဝတ်လာသော စစ်ဂျာကင်ကိုချွတ်ကာ မမမေ ၏ကိုယ်ပေါ်ကို လွှမ်းရုံပြီး ဘေးနားရှိကုလားထိုင်ပေါ်တွင်ဝင်ထိုင်ကာ ချစ်သူမျက်နှာကို လကြီးသဖွယ် ခုမှပဲ စေ့စေ့စပ်စပ် လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်တော့သည်။

 မိန်းမတို့ရဲ့အလှဆုံးအချိန်ဟာ မနက်အိပ်ယာနိုးစအချိန်တဲ့။ ကိုယ်ချစ်ရသော ချစ်သူမို့လို့လားမသိ မမမေရဲ့ မျက်နှာကလေးသည် ဘာအပြင်အဆင်မှမပါဘဲ လှပနိုင်လွန်းသည်။

 “မမ ….. ကျွန်တော်မမကိုတစ်ခုလောက်ပြောချင်တယ်

 မမ စိတ်မဆိုးနဲ့နော်”

 ဗိုလ်လောင်းဘဝကား ထိုစကားကိုစလိုက်တိုင်း မမမေ တစ်ယောက် အကြောင်း အမျိုးမျိုးပြကာရှောင်ထွက်ခဲ့သည်။ ထိုအချိန်ကတော့ ကျော်ဇောဆိုတာက ၂၀ ပင် မပြည့်သေးတဲ့ မနူးမနပ်။ မမမေ ကတော့ ၂၅ နှစ်ဆိုတဲ့ တည်ငြိမ်သောအရွယ်ဖြစ်တော့ သူပါးစပ်ဟလိုက်တိုင်း ဘယ်ခြေလှမ်းလှမ်းမယ်ဆိုတာ ကြိုသိနေခဲ့တာက သူ့အတွက် ဘယ်လိုမှအခွင့်မသာသော လူတစ်ယောက်နှယ်။ ခုတော့ သူကလည်း ၂၅ နှစ်အရွယ်။ ရင့်ကျက်တည်ငြိမ်သောသူတစ်ယောက်မို့ ထိုစဉ်က အဖြစ်အပျက်များကိုပြန်စဉ်းစား ကာ သူ့ကိုပြန်မချစ်နိုင်လို့များလားဟု သံသယတွေတော့ရှိမိသည်။

 အတွေးတွေနဲ့ လွင့်မျောနေစဉ် မမမေ တစ်ယောက်မှောက်အိပ်နေရာမှ လူးလဲ ထလကာ သူမကိုယ်ပေါ်လွမ်းခြုံနေသော စစ်ဂျာကင်ကိုနားမလည်အောင်ပြန်ကြည့်ပြီး သူ့ဘက်ကိုလှည့်လိုက်တော့မှ ကျော်ဇောရောက်နေမှန်းရိပ်စားမိသွားသည်။

 “မောင် …… အင်း …… မောင်လေး

 ဘယ်တုန်းကရောက်နေတာတုန်း

 နှိုးလိုက်တာမဟုတ်ဘူးကွာ …. ထိုင်စောင့်နေသေးတယ်”

 သြော် …. ရုတ်တရက်ထွက်ကျလာသော မောင် ဆိုသည့်စကားလုံးလေး တစ်ခွန်းကား ကျော်ဇောရင်ထဲ အနွေးဓာတ်တစ်ခုစီးဆင်းသွားသလိုပင်။ အဲ့လိုပဲ ဆက်ပြီးခေါ်လိုက်ပါတော့လား မမ ရယ် ဟုစိတ်ထဲတွင်ပြောနေမိသည်။

 “မမ …. ညကဂျူတီဆိုတော့အိပ်ရေးပျက်မှာလေ

 အာ့ကြောင့်မနှိုးတာ …. ခုအဆောင်ပြန်မှာမို့လား

 ကျွန်တော်လိုက်ပို့ပေးမယ် …..”

 နှစ်ယောက်သားစကားစမြည်ပြောဆိုပြီးနောက် မမမေ အဆောင်ရှိရာကို ဆိုင်ကယ်နှင့်လိုက်ပို့ပြီး ကျော်ဇော အောက်ထပ်မှာဘဲစောင့်နေရစ်သည်။ နာရီဝက်ခန့် အကြာမှာတော့ …..

 “မောင်လေး … ဘယ်သွားကြမလဲ”

 ပြောဆိုသံနှင့်အတူ ဖီးလိမ်းပြင်ဆင်ပြီးဆင်းလာသော မမမေ ရဲ့အလှကား နတ်သမီးလေးတစ်ယောက်နှယ်။

 “ပထမဦးဆုံး …. သံလွင်တံတားဟိုဘက်က

 ဘုရင့်ညီဂူကိုသွားမယ် …. အဲ့ကတဆင့် xxxx”

 ထိုနေ့ကတော့တစ်နေ့လုံး မမမေ နဲ့ပင်အချိန်တွေကုန်လွန်ခဲ့သည်။ ဟိုဟိုဒီဒီ လျှောက်သွားကာ ကြည်နူးခဲ့ရသလို ငတ်မွတ်နေသော မေတ္တာတွေပြန်ရခဲ့သည်။ သို့သော် သူရခဲ့သည့် မေတ္တာကား ခုချိန်ထိ ၅၂၈ ကိုမှ တစ်မစွန်းနိုင်သေး။ နောက်ပိုင်း တွင်တော့ တက်ကြွလန်းဆန်းသည့် ဗိုလ်ကြီးကျော်ဇောတစ်ယောက်ကို တစ်တပ်လုံး အံ့အားသင့်ဖွယ်ပင်တွေ့ရလေတော့သည်။

 တင်္နလာမှ စနေနေ့ထိ ရုံးဆင်းချိန်နောက်ပိုင်း ၅း၃၀ ခန့်တွင် ဘားအံဆေးရုံကြီး ဆရာဝန်အဆောင်နားတွင်လည်ကောင်း၊ Ward ထဲတွင်လည်ကောင်း မကြာခဏ တွေ့ရသည်။ တနင်္ဂနွေမှာတော့ တစ်ခါတစ်လေ အပြင်မှာလျှောက်လည်သလို တစ်ခါ တစ်လေမှာတော့ …. မမမေ အဆောင်တွင် သူမသူငယ်ချင်းတစ်စုနဲ့ ဟိုဟိုဒီဒီချက်စား ကာအချိန်ကုန်ခဲ့သည်။

 “မိန်းမရေ …. ငါတို့ တပ်ရေးဗိုလ်ကြီးက ဒီနှစ်စွံတော့မယ်ထင်တယ်ကွ”

 တပ်ရင်းမှူးနှင့် ဇနီးပင် သူ့ကိုမကြာခင်အစွံထုတ်တော့မည်ဟု ထင်မှတ်နေကြ သည်။ အရာရာကို စိတ်ပိုင်းဖြတ်ပြီးသည့် တစ်ခုသော တနင်္ဂနွေနေ့တွင်မူ မမမေနှင့် တွေ့ဆုံကာ ဖွင့်ပြောလိုက်သည်။

 “မမမေ ကိုကျွန်တော်ချစ်တယ်

 ဟိုးအရင်ကတည်းကချစ်နေတာပါ

 ခုမှပြောဖြစ်တာ။ အဲ့လိုပြောလို့လည်းအခွင့်အရေးယူတယ်လို့မသတ်မှတ်နဲ့

 ကျွန်တော် မမြိုသိပ်နိုင်တော့ဘူး။ နောက်တစ်ခေါက်ချစ်ရတဲ့သူ

 ဖွင့်မပြောလိုက်ရတဲ့ အဖြစ်မျိုးမလိုချင်တော့ဘူးဗျာ”

 စစ်သားဆိုတော့ စကားပလ္လင်တွေဘာတွေမခံတော့ဘဲ ဟောဟောဒိုင်းဒိုင်း ဖွင့်ပြောလိုက်တော့ နွယ်နီမေ ခေါ် မမမေ တစ်ယောက် မျက်နှာလေးပြုံးယောင်သမ်း သွားသည်။

 “မမ ….. မျှော်လင့်ထားပြီးသားပါကွယ်

 ဒါပေမဲ့ … မမစဉ်းစားပါရစေဦးနော် ….”

 ကျော်ဇောတစ်ယောက် မမမေ ရဲ့အတွင်းစိတ်ကိုနားလည်သလောက် ခန့်မှန်း ကြည့်ရပုံထောက်ရင် မမ လည်းသူ့အပေါ်ချစ်နေတာဖြစ်နိုင်သည်။ မချစ်ရင်တောင် မောင်နှမသံယောဇဉ်ထက်တော့ပိုနေပြီ။

 “မမ …. အကြာကြီးတော့မစဉ်းစားပါနဲ့ဗျာ

 ကျွန်တော့်မှာ ပထမလည်း နှစ်တွေနဲ့ချီစောင့်ခဲ့ရပြီးပြီ

 နောက်တစ်ခေါက်တော့ ……”

 ရင်မှာမဖြေသာသည့် ဝေဒနာတွေကို လှစ်ဟာပြနေသည့် ပါးစပ်ကို မမ က သူ့လက်ကလေးနှင့်အသာလာပိတ်လိုက်သည်။ စိတ်များဆိုးသွားလေပြီလား။

 “မောင်လေး ….. မမ မင်းကိုဦးစားပေးစဉ်းစားပေးပါ့မယ်”

 ပျော်လိုက်သည်ဖြစ်ချင်း။ ဆယ်တန်းကို ၅ ဘာသာဂုဏ်ထူးနဲ့အောင်တုန်းက။ ရာထူးတွေတိုး အပွင့်တွေတင်တုန်းကတောင် ဒီလောက်မပျော်ခဲ့။

 “မမ …. ကတိနော်”

 ဘာပဲဖြစ်ဖြစ် စိတ်ရှည်လက်ရှည်နဲ့ပင် ကျော်ဇောတစ်ယောက်စောင့်ခဲ့သည်။ သို့သော် ဒီတစ်ခါလည်း ကံတရားက …………..

 “ဗိုလ်ကြီး … တပ်ရင်းမှူးခေါ်နေတယ်”

 တပ်ရင်းမှူးရုံးအကူ ဒုတပ်ကြပ်ကျော်ဌေးလာခေါ်သဖြင့် လုပ်လက်စများကို ခဏ အသာထားကာ ရုံးခန်းအတွင်းသို့ဝင်ရောက်ခဲ့သည်။ လက်တင်အလေးပြုအပြီးမှာတော့

 “အေး …. ကိုကျော်ဇော

 ခင်ဗျားက ဟိုးအရင် တပ်မတော်ဆက်သွယ်မှုကွန်ယက်

 ကြိုးမဲ့ဖုန်း (GOTA) မှာတုန်းက တော်တော်များများ

 စက်တပ်ဆင်ရေးအတွေ့အကြုံတွေရှိတယ်ဆိုတော့

 ခုတစ်ခေါက်အရေးကြီးတာဝန်ပေးစရာရှိလို့ခေါ်လိုက်တာ”

 စကားစကိုခဏသတ်ကာ တပ်ရင်းမှူး ဒုမှူးကြီးကိုကို သူ့ကိုတစ်ချက်ကြည့်သည်။

ထို့နောက် …..

 “ခု … ခင်ဗျား မန္တလေးကိုဆင်းရမယ်

 အဲ့မှာ …. ကကဆက်က လှုပ်ရှားစက်တပ်ဆင်ရေးအဖွဲ့

 စောင့်နေတယ်။ G1 ကြီးလည်းရှိတယ်

 မန္တလေးရောက်တာနဲ့ xxxxxxxx”

 စစ်ဆင်ရေးအမိန့်တွေကို ပြတ်ပြတ်သားသားပေးပြီးချိန်တွင်တော့ ဒုမှူးကြီး ကိုကို ကသူ့အတွက် ပြင်ဆင်ချိန် နာရီဝက်ပေးသည်။ ကျော်ဇောတစ်ယောက် အဆောင်ကို ပြန်ကာ အဝတ်အစားတွေသိမ်းဆည်းနေချိန်တွင် ရိပ်သာရှေ့ကို တပ်ရင်းမှူးစီးတော် ယာဉ် ကအဆင့်သင့်စောင့်နေပြီ။ အချိန်မရှိတော့သဖြင့် ဘယ်သူ့ကိုမှ နှုတ်မဆက်နိုင်ခဲ့။ ကားပေါ်တက်ပြီးနောက် တပ်ကသူ့ကို မန္တလေးထိလိုက်ပို့သည်။ ဟိုရောက်တော အသင့်ကြိုရောက်ရှိနေသော ဦးစီး(ပ) ထံသို့သတင်းပို့ကာ သူတို့တစ်ဖွဲကလုံး မြစ်ကြီးနားသို့စုန်ဆင်းခဲ့ကြသည်။

 အကြောင်းမှာမူ ….. မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ လဂျားယန်ဒေသရှိ တပ်စခန်းများကို KIA များကဝိုင်းပတ်ဖြတ်တောက်ပိတ်ဆို့လိုက်ကြသည်။ တပ်မတော်မှ ဖယ်ပေးရန် အကြိမ်ကြိမ်ညွှန်ကြားထားသော်လည်း လုံးဝဖယ်ပေးခြင်းမရှိ သဖြင့် အပိတ်ဆို့ခံ တပ်စခန်းများကိုကယ်တင်ရန်အတွက် တပ်မတော်သည် ရွှေလင်းယုန် စစ်ဆင်ရေးကြီးကိုစတင်ဆင်နွှဲလေတော့သည်။ အဆိုပါစစ်ဆင်ရေးတွင် မိမိတို့ ကက(ဆက်) အနေနဲ့လည်း ဆက်သွယ်မှုကွန်ယက်ကိစ္စရပ်များ ဆောင်ရွက်ရန် အတွက် လှုပ်ရှားအဖွဲ့ဖွဲ့ကာ မြစ်ကြီးနားသို့ချီတက်လာခြင်းဖြစ်သည်။

 မြစ်ကြီးနားကိုဆိုက်ရောက်တော့ နယ်မြေခံ အဆရ (၅) တပ်ရင်း အရာရှိရိပ်သာ တွင် ဦးစီး (ပ) မှ စစ်ဆင်ရေးအတွက် Brefing ပေးပြီး အဖွဲ့ငယ်များခွဲကာ ဆက်သွယ်မှု ကွန်ယက်အတွက်ပြင်ဆင်ကြလေတော့သည်။ ဒီတစ်ခေါက် ကျော်ဇောပါဝင်သော အဖွဲ့ သွားရမှာကား ပွိုင့် ၇၇၁ ခေါ်တောင်ကုန်းကြီး။ ဒီတောင်ကုန်းပေါ်တွင် ဆက်သွယ်မှု အတွက် စက်တပ်ဆင်ပြီး နောက်ထပ်ထိုးစစ်အတွက်လည်းကောင်း စစ်မဟာဗျူဟာ အတွက်လည်းကောင်း ဆက်သွယ်မှုကောင်းအောင်ဆောင်ရွက်ရမည်။

 ဗိုလ်ကြီးကျော်ဇော ဦးစီး (၁+၅) အဖွဲ့ဖြင့် အဆိုပါတောင်ကုန်းဆီသို့ ချီတက်ကာ စက်တပ်ဆင်ရေးကိစ္စများကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက်သူတို့အဖွဲ့ မြစ်ကြီးနားလေတပ်စခန်းကိုပြန်လည်ချီတက်ကာ အဆိုပါနေရာတွင်ပင် စစ်ဆင်ရေး ဆက်သွယ်မှုကိစ္စရပ်များထပ်မံဆောင်ရွက်ကြပြန်သည်။ စစ်ရေးသည် အချစ်ရေးထက် အဆတစ်ရာအရေးကြီးလင့်ကစား မမမေ ကိုလွမ်းသည့်စိတ်ကား သူ့အဖို့ ဝေဒနာ ကြီးအလားပင်။ ဒီလိုနဲ့ စစ်ဆင်ရေးကာလကြီးပြီးချိန်တွင်တော့ အမောင်ကျော်ဇော တို့လူတစ်သိုက် သက်ဆိုင်ရာတပ်ရင်းတွေကိုပြန်ခဲ့ကြသည်။

 အပြန်လမ်းတစ်လျှောက်လုံး မမမေ ကိုဖုန်းခေါ်ဆိုရာ စက်ပိတ်ထားတယ်ချည်း ဖြေဆိုနေသဖြင့် စိတ်ပူမိသည်။ နေများမကောင်းတာလား။ သူ့ကိုတစ်ချိန်တုန်းကလိုပဲ ပစ်များသွားပြီလားဆိုတဲ့ ခံစားချက်တွေနဲ့။ နောက်ဆုံး မိခင်တပ်ရင်းကိုရောက်ပြီး အရာရှိရိပ်သာတွင် အိတ်ချကာ အဝတ်အစားလဲပြီး မမမေ ဆီသွားမည်အပြု



 “ကျော်ဇော …. မင်းဟာကခုပဲစစ်ဆင်ရေးကပြန်လာတယ်

 ခုအပြင်သွားတော့မလို့လားဟ …. ဘာလဲ မင်းမမဆီသွားမလို့လား

 အာ့ဆိုရင်တော့ …. ခဏနေဦးကွ။

 မင်း မမ က မင်းမရှိတဲ့အချိန်တပ်ကို မင်းနာမည်နဲ့စာပို့ထားတယ်

 အာ့လေးအရင်ဖတ်သွားဦး။ တော်ကြာမသိရကောင်းမလားဆိုပြီး

 ပြသနာရှာနေဦးမယ် …. ရော့”

ဆက်ရန်မျှော်

မင်းထက်ကျော်ဇော

No comments:

Post a Comment