အမေစုဟာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၊ နော်ဝေနိုင်ငံ၊ အော်စလိုမြို့နဲ့ ဘာဇင်မြို့၊ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့၊ ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့စတဲ့ ၁၇ ရက်ကြာ ခရီးစဉ်တွေမှာ ဥရောပနိုင်ငံတွေကပေးတဲ့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆု၊ ရပ်စ်တိုလူ့အခွင့်အရေးဆု၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေကို လက်ခံပြီး ဂျနီဗာမြို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ညီလာခံနဲ့ ဗြိတိန်ပါလီမန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော် တွေမှာလည်း မိန့်ခွန်းပြောအုန်းမယ်လို့ သိရပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေကို ကယ်တင်ဖို့ လန်ဒန်မှာ အမေစုရဲ့(၆၇)နှစ်မြောက်မွေးနေ့ပွဲကို ခမ်းခမ်းနားနားကျင်းပမယ်လို့လည်း သိရပါတယ်။
ဥရောပနိုင်ငံတွေဟာ အမေစုကိုဘွဲ့တွေ၊ ဂုဏ်ထူးတွေ၊ ဆုတွေအမျိုးမျိုးပေး၊ ပါလီမန် အထက်လွှတ်တော်၊ အောက်လွှတ်တော်ကြီးတွေမှာတောင် မိန့်ခွန်းပြောခိုင်းပြီး ဘာဖြစ်လို့ ဒီလောက်ချစ်တာလဲ ဆိုတာကို စဉ်းစားလို့မရအောင်ပါဘဲ။ နော်ဝေနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံဆိုတာလည်း ကျွန်မတို့နိုင်ငံနဲ့ အဝေးကြီးမှာ ရှိပါတယ်။ ဆက်သွယ်ဆက်ဆံမှုလည်း တော်တော်နည်းပါတယ်။ ကျွန်မတို့နိုင်ငံနှင့် အကျိုးတူ ဆက်ဆံမှုမရှိတဲ့နိုင်ငံတွေကလူတွေက မြန်မာပြည်သူကို ချစ်တယ်ဆိုတာကတော့ စဉ်းစားစရာပါဘဲ။ ကျွန်မအနေနဲ့ကတော့ တစ်ခါမှ ကိုယ့်နိုင်ငံကလွဲရင် နိုင်ငံခြားကို တစ်ခါမှ မချစ်ခဲ့ဖူးပါဘူး၊ ဒါမှန်သော သစ္စာစကားပါ။ ဒါပေမဲ့ နိုင်ငံရပ်ခြားတွေမှာ ဘေးအန္တရာယ်ဆိုးတွေ၊ ဗုံးကွဲတာတွေ တွေ့ရရင်တော့ ဗုဒ္ဓဘာသာပီပီ စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ ဗြိတိန်ဆိုတဲ့ အင်္ဂလိပ်ကလည်း ၁၈၈၆ ခုနှစ်ကတည်းကလည်း ၁၉၄၈ ခုနှစ်အထိ မြန်မာနိုင်ငံကို ကျွန်ပြုအုပ်ချုပ်ခဲ့တာကလွဲရင် မြန်မာနိုင်ငံကို ကောင်းရာကောင်းကျိုး တစ်ခုမှမလုပ်ပေးခဲ့သလို သူတို့ရဲ့ အတိတ်ကလုပ်ရပ်တွေကြောင့် နိုင်ငံမှာ တိုင်းရင်းသားအချင်းချင်း မယုံမကြည်ဖြစ်ပြီး ဒီနေ့အထိ အဲဒီဒဏ်တွေကို ကျွန်မတို့ပြည်သူတွေ ခံစားနေရတုံးပါဘဲ။
ဂျပန်နိုင်ငံဆိုရင်တောင် မြန်မာပြည်သူတွေအတွက်နဲ့ နိုင်ငံအတွက် လူမှုရေး၊ ဖွံ့ဖြိုးရေးတွေမှာ အထောက်အကူပေးတာတွေ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဘာမှ အထောက်အပံ့မပြုခဲ့တဲ့ ဥရောပနိုင်ငံတွေက အမေစုကို ဆုတွေ ချီးမြှင့်နေတာဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ချစ်လို့လား၊ အမေစုကို ချစ်လို့လား၊ ဒီမိုကရေစီစနစ် ကျင့်သုံးတာကိုချစ်လို့လားဆိုတာ စဉ်းစားစရာဘဲဖြစ်တယ်။ ဒါပေမဲ့လည်း မြန်မာပြည်သူ အများစုဟာ ဆင်းရဲဒုက္ခတွေရှိနေဆဲပါဘဲ။ အမေစုကို အပြည်ပြည်အရပ်ရပ်မှာ မျက်နှာပန်းလှအောင် အခုလို အရောင်တင်ထုံမွှမ်းနေတာဟာ ခိုင်းတာတွေကို နောက်ဆုတ်လို့မရအောင်၊ ရုန်းထွက်လို့မရအောင် နှောင်ကြိုးဖွဲ့ အပေးအယူလုပ်နေတယ်ဆိုတာ ကာယကံရှင်နဲ့ စီစဉ်သူတွေဘဲ သိနိုင်မှာဖြစ်ပါတယ်။ အမေစုကို ကျွန်မလဲချစ်ပါတယ်။ ဒါပေမဲ့ ရိုးသားပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့မြန်မာလူထုကြီးကတော့ ဂုဏ်ယူဖို့ကလွဲရင် ဘာမှမသိနိုင်ပါဘူး…..













ဒီလိုဆုတွေ ဂုဏ်အဆောင်အယောင် တွေကို ဒီအချိန်မှာ တက်မယူသင့်ဘူး.. နိုင်ငံသားတွေ ဒုက္ခရောက်နေရချိန်မှာ အားပေးကူညီသင့်တယ်လို့ ထင်ပါတယ်.. ဒါမှ နိုင်ငံခေါင်းဆောင် ပီသမှာပါ.. ခုတော့ တလွဲတွေချည်းဘဲ လုပ်နေပါရော့လား အမေစုရေ....
ReplyDelete