Links

clock

Sunday, June 17, 2012

Eleven Media ရဲ့ ငွေနောက်လိုက်တဲ့သတင်းများဖော်ပြမှု့ကိုပြည်သူတစ်ဦးမှ ရင်ဖွင့်

Comment ပေးထားသော သတင်းအားပြန်လည်ဖျက်ထားပုံ

Eleven Media Group ဟာ ပြည်တွင်းမှာ နာမည်ရ မီဒီယာတစ်ခုပါ။ထို့အတူ ရခိုင်ပြည်နယ် သတင်းများနှင့်ပတ်သက်ပြီးလည်းအချိန်နှင့်တပြေးညီပြည်သူတွေကိုသိနိုင်အောင် တင်ပြပေးတဲ့မီဒီယာ တစ်ခုဆိုလည်းမမှားပါဘူး။ဒါပေမယ့် EMG ဟာ ယခင် တပ်မတော်အစိုးရအုပ်ချုပ်စဉ်ကာလကတည်းကပင်
မီဒီယာထူထောင်ထားပီး ထိုစဉ်အချိန်ကလည်း အားကစားမီဒီယာအဖြစ်လူသိများခဲ့ပါတယ်။တပ်မတော်အစိုးရလက်ထက် စာပေစီစစ်ရေးတင်းကြပ်တဲ့ကာလမှာတော့ အားကစားမီဒီယာအပြင်
အခြားကဏ္ဍများကိုရေးသားဖော်ပြချိန်တွင်တော့တပ်မတော်အစိုးရ၏ကောင်းကွက်များကိုသာဖော်ပြပေးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့စတင်ကူးပြောင်းကာစ စာပေစီစစ်ရေးများ အနည်းငယ်လျော့ချပေးချိန် ဒေါ်စုကြည်ဘက်သို့ ပြည်သူအများစိတ်ဝင်စားနေချိန်တွင် ဒေါ်စုကြည်၏ကောင်းကြောင်းများနှင့် တပ်မတော်အစိုးရအားမကောင်းကြောင်းများကိုသာဖော်ပြခဲ့တာ ပြည်သူတွေအသိဖြစ်ပါတယ်။စာပေစီစစ်ရေးတွေလျော့ချဖို့၊ စစ်မှန်တဲ့မီဒီယာအဖွဲအစည်းမြန်မာပြည်မှာပေါ်ပေါက်လာဖို့ ၎င်းမီဒီယာမှ ပဲ စတင်ကြွေးကြော်ခဲ့တာလည်းဖြစ်ပါတယ်။သို့ရာတွင် EMG သည်စစ်မှန်သောမီဒီယာ ပြည်သူ့အတွက်ယုံကြည်ရသောမီဒီယာမဟုတ်ခဲ့ပါဘူး။မီဒီယာရဲ့ သဘောထားတွင် စတုတ္ထမဏ္ဍိုင်သည်မှန်ကန်ရမည်ဘက်မလိုက်ရ ဆိုပေမယ့် အခြေအနေပေါ်မူတည်ပြီး အားနည်းသူ(သို့)မှန်ကန်နေသူဘက်လိုက်ပေးရမည်ဟုEMG မှပြောဆိုခဲ့ခြင်းမှာ ဘက်လိုက်သည့်မီဒီယာတစ်ခုအဖြစ်ခံယူလိုက်ခြင်းပင်ဖြစ်ပါတယ်။မြေနိမ့်ရာလှံစိုက်တတ်သည့်မီဒီယာဆိုရင်လည်းမမှားပါဘူး။ယခု ပြည်သူတစ်ဦးမှ ရင်ဖွင့်ထုပ်ပြထားတဲ့ EMG ရဲ့ "Comment ကိုဖျက်ပစ်ရုံမျှမက Account ကိုပါ ဘလော့လုပ်လိုက်တဲ့ Eleven Media ပါ။ တော်တော်လည်း တပ်နိုင်လွန်းပါတယ်။ မြန်မာဂုဏ်ရည်လမ်းက ဒေါက်တာသန်းထွဋ်အောာင်ပိုင် ကား Show Room အကြောင်း comment လေးရေးမိတာနဲ့ Account ကိုပါ ဘလော့လုပ်လိုက်တာ။ ............. သူများကို ဝေဖန်ချင်ရင် ကိုယ်တိုင်လည်း အဝေဖန်ခံနိုင်ရပါတယ်။ ......ပြည်သူအတွက်လို့ ကျွေးကျော်ပြီး ပြည်သူတွေရဲ့ ဂျာနယ်အပေါ်ယုံကြည်မှုကို အလွဲသုံးစားလုပ် စီးပွားရှာတာမကောင်းပါ။ .................. ရှယ်ကြပါ။ တွေ့တွေ့သမျှလူရှယ်ပေးကြပါ။ ဒါမှ မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးသရုပ်မှန်ပေါ်မှာပါ ........."  ဟုရေးသားဖော်ပြလာခြင်းမှာ EMG ရဲ့

 ငွေနောက်လိုက်နေတဲ့သတင်းပေါင်းများစွာထဲက တစ်ခုဖြစ်နေပါတယ်။ြ

ပည်သူတွေယုံကြည်စွာဖတ်ရှု့နေရတဲ့ စတုတ္ထမဏ္ဍိုင်တစ်ခု က ယခုလို ဖော်ပြနေသောအခါြ

ပြည်သူတို့အတွက်မည်သူ့ကိုယုံကြည်ရမလဲဟုတွေးတောနေကြပါတယ်။

1 comment:

  1. Media must stand with public. But some time government leading to people for new goal or new era. Public may be behind of government thinking. So media mush push to public to follow gevernment.Some time government may wrong doning, That time media must point out to gevernment with his knowledge. But no against to them and the law. too.But today media is doing for business and againisting ever government.That is not true media.Who or what ever I don't care. Without country interest . without national concept . what ever write, what ever do all are stupid thing.

    ReplyDelete