Sunday, June 28, 2015
ဒီမိုကရေစီကိုနောက်သို့ ပြန်ဆွဲနေတာဘယ်သူတွေလဲ
မြန်မာ့နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ၁၉၈၈ ၀န်းကျင်တွင်ရောက်ရှိခဲ့သော ဒေါ်အောင်ဆန်းစု
ကြည်သည် ထိုမတိုင်ခင်က ပြည်ပတွင်၎င်း၏ မိသားစု(တိုင်းတစ်ပါးသား) နှင့်ယှဉ်တွဲအတူနေထိုင်လျက်ရှိ
ပါတယ်။ တိုင်းပြည်အတွင်းမငြိမ်မသက်ဖြစ်လာ၍ ပြည်တွင်းမှ ကျောင်းသားအချို့၏ခေါ်ယူမြောက်စားမှု
(မြှောက်စားမှုဟုဆိုရာတွင် သူမအား တစားခံတဖက်လှည့်ဖြင့်အသုံးချခြင်းသာဖြစ်ပါတယ်) ကြောင့်ပြည်
တွင်းသို့လာကာ သမ္မတရာထူးများ အလွယ်ရမလားဟူသောအကြံဖြင့်ရောက်လာခဲ့ပါတယ်။ အကယ်၍များ
သမ္မတ ရာထူးရခဲ့လျှင် သူမမိသားစုကိုပြည်တွင်းသို့ခေါ်ထားမည်။ ထိုစဉ်ကပင် အမေရိကန်အစိုးရ၏သွေး
ထိုးမှုများ၊ ထောက်ပံ့ပေးမှုများကို သူမစတင်ရရှိနေပြီဖြစ်ပါတယ်။ ဒီလိုနဲ့ အနောက်နိုင်ငံအချို့ရဲ့ထောက်ပံ့
သွေးထိုးမှုကြားကနေ သမ္မတဖြစ်လာခဲ့လျှင် အနောက်နိုင်ငံတချို့ရဲ့သြဇာခံအောက်မှာ မြန်မာနိုင်ငံဟာ
တတိယ ကမ္ဘာစစ်ရဲ့ ကျွန်နိုင်ငံသစ်တစ်ခုဖြစ်သွားမှာပါ။ နိုင်ငံရေးအကြောင်းဘာမှမသိ ဆိုင်ကော်လို့ခြုံပေါ်
ရောက် ဗိုလ်ချုပ်ရဲ့သမီးဆိုတာနဲ့ ဗန်းပြပြီး ပြည်သူတွေကိုလှည့်စားလာတာအနှစ် (၃၀) နီးပါးရှိလာပါပြီ။
ပြည်သူကိုချစ်၍ တိုင်းပြည်ကိုချစ်၍ ပြန်လာခြင်းမဟုတ်ပဲ အချောင်သမ္မတများဖြစ်လာမလားဟုသော
ရည်ရွယ်ချက်ဖြင့်ပြန်လာရင်း နိုင်ငံရေးလောကထဲမှာ ဘုမသိဘမသိဖြင့် နောက်ဆုတ်လို့မရတဲ့အခြေအ
နေသို့ရောက်ရှိလာပါတယ်။ ယခုအချိန်မှာတော့ ၀ါရင့်နိုင်ငံရေးသမားကြီးဆန်ဆန်ဖြင့် ခြေဥမပြင်လျှင်
လွှတ်တော်သို့မ၀င် ရွေးကောက်ပွဲမ၀င်ဟု 2013 ခုနှစ်ကပြောခဲ့ပြီး ယခုကျပြန်တော့လည်း ခြေဥပြင်မပြင်
ကိစ္စသည် ၎င်းတို့ ရွေးကောက်ပွဲဝင်မ၀င်နှင့်မဆိုင်ဟု နောက်တမျိုးစကားထွက်လာပြန်ပါသည်။ ထို့ပြင်
ခြေဥမပြင်ပါကာ ပြည်သူများလမ်းပေါ်ထွက် ဆန္ဒပြကြရန်တိုက်တွန်းပြန်ပါသည်။ ထိုသို့သော လုပ်ရပ်များ
သည် နိုင်ငံခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဟုသောဂုဏ်သိက္ခာကိုမှမထောက်၊ ပါတီကြီး
တစ်ခု၏ ဥက္ကဌ ဟုသော အခြေအနေကိုမသိ၊ ပညာမဲ့ဆန်ဆန်လုပ်ရပ်များသာဖြစ်နေပါတယ်။ ပြည်ပနိုင်ငံ
ကြီးများတွင် ကျောင်းများတက်ခဲ့သည်ဆိုသောသူမ၏အရည်အချင်းသည် ကလေးတစ်ယောက်၏အတွေး
အခေါ်လောက်မျှမရင့်ကျက်သေးတာကိုတွေ့ရတော့ သူမ တက်ခဲ့သည့် တက္ကသိုလ်များကောလိပ်များ
တွင်သူမ စာပေကိုမလေ့လာပဲ ဘာကိုလေ့လာနေလို့လဲ။ သေချာတာတစ်ခုကတော့ အနောက်တိုင်းသား
မယားဖြစ်သွားခြင်းပင်ဖြစ်၏။ လူ့အခွင့်အရေးကိုဦးစားပေးပါလို့အမြဲပြောနေတတ်တဲ့သူမ မြန်မာတိုင်းရင်း
သားတို့ရဲ့လူ့အခွင့်အရေး ဘာသာရေးယဉ်ကျေးမှုကိုတော့ကမ္ဘာ့အလယ်မှာ တစက်မှရစရာမရှိအောင်ပြော
နေပါတယ်။ ကျမက တိုင်းပြည်ကိုချစ်ပါတယ် ဟုပြောနေသော်လည်းပါးစပ်ကသာတိုင်းပြည်ကိုချစ်ပြီး
လုပ်ရပ်ကတော့ သူမခင်ပွန်းမွေးဖွားရာ တိုင်းပြည်ကိုသာချစ်နေတာပါ။ ကျမက ဗုဒ္ဒဘာသာပါလို့ပြော
နေပေမယ့် မွတ်စလင် တွေကိုသာဦးစားပေးနေတတ်သူပါ။ လူနည်းစုကိုထောက်ထားပါလို့ပြောနေတဲ့
သူမ မြန်မာတိုင်းရင်းသားတွေကို မွတ်စလင်နဲ့ဥရောပတို့နဲ့ယှဉ်လာရင် လှည့်မကြည့်တတ်တော့ဘူးဆို
တာ သူမရဲ့လုပ်ရပ်တွေက သက်သေထူနေပါတယ်။ တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်ဖန်တီးသူသည်
တိုင်းပြည်၏ရန်သူသာလျင်ဖြစ်၏။ တိုင်းပြည်ပြိုကွဲအောင် လုပ်ဆောင်နေသူသည် တိုင်းပြည်၏ အဖျက်
ကောင်သာဖြစ်၏။ ထို့ကြောင့် မည်သည့်လူကိုမဆို ပြည်ထောင်စုပြိုကွဲမည့်အရေး ၊ တိုင်းရင်းသားစည်း
လုံးညီညွှတ်မှုပြိုကွဲမည့်အရေး၊ အချုပ်အခြာအာဏာ ပျက်ပြားမည့်အရေး ကိုထိပါးလာလျှင်တော့ ၎င်း
သည် တိုင်းပြည်၏ မြန်မာတစ်မျိုးသားလုံး၏ ရန်သူသာလျှင်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ
လမ်းကြောင်းပေါ်သို့လျှောက်လှမ်းနေပြီဖြစ်ပါသည်။ ရှေ့သို့လှမ်းချီလျှောက်လှမ်းရာတွင်အခက်အခဲအ
တားအဆီးများရှိနေသလို ကျော်လွှားရင်ဆိုင်ရမည်သာဖြစ်ပါသည်။ သို့ပေမယ့် ဒီမိုကရေစီလမ်းကြောင်း
လျှောက်လှမ်းရာတွင် ပြည်သူတွေရော တပ်မတော်ပါအပါအ၀င် နိုင်ငံခေါင်းဆောင်ကြီးများသည် နောက်
သို့မည်သည့်နည်းနဲ့မျှပြန်မလှည့်လိုကြပါ ရှေ့သို့သာရှေရှု့လျှောက်လှမ်းနေကြပါသည်။ သို့ရာတွင် အခက်
အခဲအနည်းအကျဉ်းတော့ရှိပါသည်။ ထိုအခက်အခဲကိုကျော်လွှားနေချိန်မှာ အနည်းငယ် ကျန့်ကြာနေတာ
မျိုးတော့ရှိတတ်ပါတယ် ။ ဒါကိုအတိုက်အခံများမှ ဒီမိုကရေစီလမ်းကြောင်းနောက်ပြန်လှည့်ချင်နေပီဟု
အပျက်သဘောမျိုးဝေဖန်နေကြတာကိုလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီမိုကရေစီကိုနောက်ပြန်
လှည့်ချင်နေကြတဲ့သူတွေဟာ ထိုအတိုက်အခံများပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကြီး ဒီမိုကရေစီလမ်း
ကြောင်းပေါ်သို့လျှောရှုစွာရောက်ရှိသွားလျင်သူတို့လိုချင်တဲ့ ခေတ်နောက်ကျတဲ့တိုင်းပြည်မျိုး မဖြစ်နိုင်
တော့လို့ပါ။ ထိုသို့မဖြစ်တော့လျင် ပြည်ပနိုင်ငံများ၏ထောက်ပံ့မှု ၎င်းတို့အပေါ်လျော့ကျသွားပါလိမ့်မည်။
ပထ၀ီနိုင်ငံရေးအရ အရေးပါသော မြန်မာနိုင်ငံသည် အာရှ၏စီးပွားအတိုးတက်ဆုံးနိုင်ငံဖြစ်လာမည်ကို
စိုး၇ိမ်နေသော အချို့ပြည်ပနိုင်ငံများမှာ မြန်မာနိုင်ငံအတွင်း ပြည်တွင်းပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခများကို
လိုလားကြပါသည်။ ထို့ကြောင့်အတိုက်အခံများ ခေါင်းဆောင်များကို သွေးထိုးမြှောက်ပင့်ကာ မြန်မာ့
ဒီမိုကရေစီအရေးနောက်ပြန်လှည့်သွားအောင်တဖက်လှည့် နိုင်ငံရေးလှည့်ကွက်ဖြင့်လုပ်ဆောင်နေ
သည်ကို အကောင်အထည်ဖော်နေကြသူများသည် ယခုလိုရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပြည်တွင်း
တည်ငြိမ်အေးချမ်းရေးကိုဖျက်စီးဖို့ ပြည်သူများအားလမ်းမပေါ်သို့ခေါ်ထုတ်နေကြပါပြီ။ ထိုသို့သောလုပ်
ရပ်များသည် ဒီမိုကရေစီနည်းလမ်းမကျ သောင်းကျန်းသူများသဖွယ်သာကျင့်ကြံနေကြောင်းဖော်ပြ
အပ်ပါသည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)














No comments:
Post a Comment