Source: 7 Day Daily
မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲကို ဇွန်လ
၂၇ နှင့် ၂၈ ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ် သွားမည်ဖြစ်ပြီး
နှစ်စဉ်တင်ဆက်နေကျ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု အစီအစဉ်များသာမက “သံစဉ်
ဖလှယ်ကြဂီတညီအစ်မ” အစီအစဉ်နှင့် မင်းသမီးများလူရွှင်တော်အဖြစ်ကပြမည့်
“အကယ်ဒမီရွှေပန်းချီ”အငြိမ့် အစီအစဉ်တို့ကို တင်ဆက်ပေးမည်ဖြစ်သည်။
“အကယ်ဒမီရွှေပန်းချီ”အငြိမ့်အပါအဝင် အစီအစဉ်များကို သောကြာနေ့ မွန်းလွဲပိုင်းက MRTV ဖျော်ဖြေရေးရုပ်သံလိုင်းမှ
တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ရာ မင်းသမီးများ၏ ပြက်လုံးများကို ပရိသတ်များ
သဘောကျနှစ်ခြိုက်ခဲ့ကြသည်။ ထို့အပြင် သံစဉ်ဖလှယ်ကြဂီတညီအစ်မ အစီအစဉ်ကိုလည်း
လူကြိုက်များခဲ့သည်။
ထိုအစီအစဉ်များအတိုင်း နှစ်ရက်တာ ထပ်မံကပြသွားမည်ဖြစ်သည်။
အကယ်ဒမီရွှေပန်းချီအငြိမ့်တွင် စိုးမြတ်သူဇာ၊ ခင်ဇာခြည်ကျော်၊ မြတ်ကေ
သီအောင်၊ စိုးမိုးကြည်၊ ခိုင်သင်းကြည်နှင့် ဆုပန်ထွာတို့ကလူရွှင်တော်များ
အဖြစ် တင်ဆက်ပေးမည့် ယင်းအစီအစဉ်များကို ညနေ ၆ နာရီခွဲအချိန်တွင်
စတင်ဖျော်ဖြေပေးမည်ဖြစ်ပြီး ဝင်ကြေးများကို ကျပ်သုံးထောင်မှ နှစ်သောင်း အထိ
အမျိုးအစားငါးမျိုးသတ်မှတ်ကာရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဝတ်စားဆင်ယင်ထုံးဖွဲ့မှုအစီအစဉ်တွင် ရာသီအလိုက် ဝတ်စားဆင်ယင်မှု
ပုံစံများနှင့် ခေတ်အဆင်နှင့် ယနေ့အသွင် ဖက်ရှင်တင်ဆက်မှု အစီအစဉ်များကို
တင်ဆက်ပေးမည်ဖြစ်ပြီး မင်းသမီးများ နာမည်ကြီး မော် ဒယ်များနှင့်
အလှမယ်များက ပါဝင်တင်ဆက်ပေးကြမည်ဖြစ်သည်။
သံစဉ်ဖလှယ်ကြ
ဂီတညီအစ်မအစီအစဉ်မှာမူ ခေတ်အလိုက်အောင်မြင် ခဲ့သော
အမျိုးသမီးအဆိုရှင်ကြီးများနှင့် ယနေ့ခေတ် အမျိုးသမီးအဆိုရှင်များ၏
သီချင်းချင်းဖလှယ်သီဆိုမှုများကိုရှုစားရမည်ဖြစ်သည်။ ဂျေညီမလေးနှင့်
ခွန်းဆင့်နေခြည်၊ ချိုပြုံးနှင့်ယုဇန၊ နော်လီဇာနှင့်မေစံပယ်ညို၊
ရှင်ဖုန်းနှင့်ပိုပို၊ ချောစုခင်နှင့် ရတနာမိုင်၊ မီမီဝင်းဖေနှင့်
ရွှေရည်ဖြိုးမောင်၊ အင်္ဂလန်စိန်နှင့် ဂျင်းနီ၊ သီရိဆွေနှင့် ခင်ဘုဏ်း၊
စိမ်းမို့မို့နှင့် ချမ်းချမ်း၊ မေဆွိနှင့် အမွန်းတို့၏ အတွဲလိုက်
ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များကိုကြည့်ရှုနိုင်မည်ဖြစ်သည်။














No comments:
Post a Comment