Links

clock

Tuesday, August 18, 2015

သဘာဝဘေး ကျရောက်ခဲ့သည့် ဒေသများမှ စာသင်ကျောင်းများနှင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ဆက်လက်ပို့ဆောင်




တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်များ မုံရွာမြို့ မင်းဒေါင့်ကန် ဆိပ်ကမ်းတွင် ဇက်ရေယာဉ်ပေါ်သို့ ထောက်ပံ့ပစ္စည်းများ တင်ပေးစဉ်

မုံရွာ ၊ ၁၇-၈-၂ဝ၁၅

စစ်ကိုင်းတိုင်း ဒေသကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့်သစ်တောရေးရာ ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ကလေးမြို့နယ် နှင့် ချင်းပြည်နယ် အတွင်းရှိ သဘာဝဘေး ကျရောက်ခဲ့သည့် ဒေသများမှ စာသင်ကျောင်း များအတွက် လှူဒါန်းသော စာသင်စားပွဲ၊ ထိုင်ခုံ ၁၅၇ လုံးနှင့် ဒေသခံပြည်သူ များအတွက် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင် များကပေးပို့ လှူဒါန်းသော စားသောက်ဖွယ် ရာများ၊ အဝတ်အထည်များ၊ အခြားအသုံး အဆောင် ပစ္စည်းများ၊ ပြန်လည် ထူထောင် ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် ထောက်ပံ့ပစ္စည်း များနှင့် ရေစက်၊ မီးစက်တို့ အား ယမန်နေ့တွင် မုံရွာမြို့၊ မင်းဒေါင့်ကန် ဆိပ်ကမ်းမှ ကလေးမြို့သို့ ဆက်လက် ပို့ဆောင်ရန် အတွက် ဇက်ရေယာဉ် များပေါ် သို့ တင်ဆောင်လျက် ရှိရာ မုံရွာတပ်နယ်မှ တပ်မတော်သား များနှင့် ရဲတပ်ဖွဲ့ဝင် များက မော်တော်ယာဉ် များပေါ်မှ ဇက်ရေယာဉ်ပေါ်သို့ ပို့ဆောင် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး နေမှုကို အနောက်မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းလှိုင် နှင့် တာဝန်ရှိ သူများက သွားရောက် ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment