Links

clock

Wednesday, December 18, 2019

မိုင်းထောင်ဖောက်ခွဲရန် ရောက်ရှိနေသည့် AA အကြမ်းဖက် သောင်းကျန်းသူ နှစ်ဦးအား မိုင်းများနှင့်အတူ အသေ ဖမ်းဆီးရမိ

အမ်းမြို့နယ်၊ ကံ့ကော်မြိုင်ကျေးရွာအနီး
မိုင်းထောင်ဖောက်ခွဲရန် ရောက်ရှိနေသည့် AA အကြမ်းဖက် သောင်းကျန်းသူ နှစ်ဦးအား မိုင်းများနှင့်အတူ အသေ ဖမ်းဆီးရမိ


နေပြည်တော် ဒီဇင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ ၄ နာရီခန့်တွင် ကံ့ကော်မြိုင်ကျေးရွာအနီး အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူနှစ်ဦးအား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ရီမုမိုင်းလေးလုံးနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ကံ့ကော်မြိုင်ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အဆိုပါ ကျေးရွာကားလမ်းအနီး အရပ်ဝတ် ဝတ်ဆင်ထားသည့် မသင်္ကာဖွယ်လူနှစ်ဦး တွေ့ရှိသဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ရန်ခေါ်ယူစဉ် ထွက်ပြေးသွားသဖြင့် ရပ်တန့်ရန် သတိပေးခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အဆိုပါနှစ်ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းဝန်းကျင်တစ်ဝိုက်အား စစ်ဆေးရှာဖွေရာ ချုံပုတ်အတွင်း ဝှက်ထားသည့် YINXIANG-125 မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဆိုင်ကယ်တူးဘောက်
အတွင်းမှ ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသည့် အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရီမုမိုင်းနှစ်လုံးကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ၎င်းအပြင်ကားလမ်း ဝဲ/ယာဘက်တို့တွင် အသင့်မိုင်းထောင်ထားသော ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသည့် အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရီမုမိုင်းနှစ်လုံးတို့အား ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သဖြင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေး မိုင်းရှင်းလင်းရေး အဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။

#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment