Links

clock

Tuesday, December 17, 2019

ဆရာ မင်းထက်ကျော်ဇောရဲ့ လွမ်းရစ်နေဦးပေါ့ ….. မောင့်မှာ (၁)Zawgyi/Unicode 2 Version


လွမ်းရစ်နေဦးပေါ့ ….. မောင့်မှာ
(၁)

“ကျော်ဇော …….. မင်းကဘာတွေလောနေတာတုန်း
မန္တလေးဆင်းရမဲ့ကောင်ကများ ….. ကားပေါ်နေရာတွေလာလုနေသေး”
အမောင်ကျော်ဇောတစ်ယောက် လောနေပုံကိုကြည့်ပြီး ကြာတော့ သူငယ်ချင်း တွေသောက်မြင့်ကတ်လာသည်ထင်သည်။ ကြည့်ပါလေ …. ဒုတိယနှစ်ပြီးဆုံးလို့ မိဘရပ်ထံခွင့်ပြန်မှာချင်းအတူတူ ကားပေါ်သို့ရှေ့ဆုံးကနေလုတက်နေပုံများမြင်လို့ကို မကောင်း။


“ဟ …… ငါကခုတောင်ရောက်ချင်နေပြီကွ

Monday, December 16, 2019

အတ္တကို ဗဟိုပြုတာ များသွားရင် အားလုံးဟာ သူစိမ်းတွေ ဖြစ်သွားလိမ့်မယ်


★ ★ ★ ★ ★ ★ ★ ★ ★ ★ ★


 မိဘ နှင့် သားသ္မီး


 အစ်ကို အစ်မ ညီ ညီမ


 မိတ်ဆွေ သူငယ်ချင်း


 ချစ်သူရည်စား

ဗဟိုပြုတာများသွားရင်ရင်နာနာမမေ့နိုင်စရာတွေ

 လူ့ပတ်ဝန်းကျင်


credit .အရှင်ဇဝနဉာဏ

“သူစိမ်းတွေဖြစ်သွားတတ်တယ်”
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

လောကမှာအတ္တကို ဗဟိုပြုတာများသွားရင်
အားလုံးဟာသူစိမ်းတွေဖြစ်သွားတတ်တယ်။

 မိဘ နှင့် သားသ္မီး

လိုက်လျောမှုမရှိ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်မျက်ရည်တွေများစွာနဲ့
သူစိမ်းတွေဖြစ်သွားတတ်တယ်။

 အစ်ကို အစ်မ ညီ ညီမ

အနစ်နာခံမှုမရှိ ရယူပိုင်ဆိုင်ခြင်းတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်နာကျည်းချက်တွေများစွာနဲ့
သူစိမ်းတွေဖြစ်သွားတတ်တယ်။

 မိတ်ဆွေ သူငယ်ချင်း

ယုံကြည်မှုမရှိ မနာလိုဝင်တိုခြင်းတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်မကျေမနပ်ချက်တွေများစွာနဲ့
သူစိမ်းတွေဖြစ်သွားတတ်တယ်။

 ချစ်သူရည်စား

နားလည်မှုမရှိ အထင်လွဲမှားခြင်းတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်ရင်နာနာမမေ့နိူင်စရာတွေ
များစွာနဲ့သူစိမ်းတွေဖြစ်သွားတတ်တယ်။

 လူ့ပတ်ဝန်းကျင်

စာနာဖေးမမှုမရှိ အစွန်းရောက်ဝါဒတွေနဲ့အတ္တကို
ဗဟိုပြုတာများသွားရင်အဆင်မပြေပြဿနာများစွာနဲ့
သူစိမ်းတွေဖြစ်သွားတတ်တယ်။

credit .အရှင်ဇဝနဉာဏ

Tuesday, October 13, 2015

မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံး ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးနေဟု ဆို

ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းဖိုင်တွဲ ပျောက်ဆုံးခဲ့သည့် မြ၀တီမြို့ရှိ NLD ပါတီ မြို့နယ်ရုံးကို တွေ့ရစဉ်
ကရင်ပြည်နယ် မြ၀တီမြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) မြို့နယ်​ရုံး ​ဖောက်ထွင်းခံရပြီး စာရွက်စာတမ်းများ ထည့်ထားသည့်ဖိုင်တွဲ ပျောက်ဆုံးနေကြောင်း မြို့နယ် (NLD) အတွင်းရေးမှူး ဦးသန့်ဇင်အောင်က ပြောကြားသည်။

နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း
===============================================
(၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းကကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။

အီးယူက မြန်မာ့ရွေးကောက်ပွဲအတွက် ကာလရှည်လေ့လာသူ ၃၀ ဦး စတင်စေလွှတ်

October 12th, 2015
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ရှိနေတဲ့ မြန်မာ့ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နိုင်ဖို့ အတွက် ဥရောပသမဂ္ဂက ပထမအသုတ်အနေနဲ့ ကာလရှည် လေ့လာသူ ၃၀ ဦးကို စတင်စေလွှတ် လိုက်ပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်သရက်မြို့နယ်တုတ်ကိုင်းတံတားမျှောပါပျက်စီး



‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
မကွေးတိုင်းဒေသကြီး ၊ သရက်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သရက်-မင်းလှလမ်း မိုင်တိုင်အမှတ် ၁၄/၅ ပေါ်

KNU စစ်သားစုဆောင်းမှုမှ တိမ်းရှောင်လာသူ နှစ်ထောင်ကျော် မြိုင်ကြီးငူဒေသတွင် လာရောက်ခိုလှုံ


မြိုင်ကြီးငူ၊ အောက်တိုဘာ ၁၁
ကေအန်ယူ တပ်မဟာ ၅ ၏ စစ်သားစုဆောင်းခြင်းကြောင့် နေရပ်စွန့်ခွာလာသူ ကရင်တိုင်းရင်းသား ၂၄၄၅ ဦးသည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသရှိ ဆွေမျိုးသားချင်းများထံ လာရောက်ခိုလှုံလျက်ရှိကြောင်း မြိုင်ကြီးငူ ဒေသခံများထံမှ သိရသည်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ယွန်းစလင်းချောင်း အရှေ့ဘက်ခြမ်းရှိ ကရင်တိုင်းရင်းသား ကျေးရွာဖြစ်သည့် ဟတ်ကြီးရွာ အပါအဝင် ကျေးရွာ ၁၅ ရွာမှ ကရင်တိုင်းရင်းသား မိသားစု ၃၇၈ စုမှ ကျား ၁၂၃၈ ဦး၊ မ ၁၂၀၇ ဦး တို့သည် အောက်တိုဘာလ ၂ ရက်မှစ၍ မြိုင်ကြီးငူဒေသ KNU တပ်မဟာ (၅) ရင်း (၁၀၂)၊ ခွဲ (၄) ယွန်းစလင်းမြစ် အရှေ့ခြမ်း လှုပ်ရှားအဖွဲ့၏ တပ်သားသစ် စုဆောင်းမှုကြောင့် နေရပ်ကို စွန့်ခွာခဲ့ကြခြင်း ဖြစ်သည်။
နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော ရွာသူရွာသား ၂၄၄၅ ဦးကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး စောထွန်းလှိုင်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့် နယ်မြေခံတပ်ရင်း အသီးသီးမှ တပ်မှူးများနှင့် တာဝန်ရှိသူများက သွားရောက်အားပေးစကား ပြောကြားခဲ့ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝေဠုကျော် ဖောင်ဒေးရှင်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့တို့က ဆန်အိတ် ၂၀၀ နှင့် စားသုံးဆီ ၆၀ ပါကင် ထောက်ပံ့ပေးခဲ့ကြောင်း၊ အလားတူ ခစတ (၁၀၂၁) တပ်မှူး ဗိုလ်မှူး၏ ဇနီးနှင့် တပ်ဖွဲ့ဝင်မိသားစုများကလည်း ဆန်အိတ် ၁၀၀ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက “ကျွန်တော်ဟာ ကရင့်လက်နက်ကိုင် ညီညွတ်ရေးမှာလည်းပါတဲ့ အတွက် ပြည်သူလူထုကို ဒုက္ခရောက်အောင် လုပ်တဲ့ အဖွဲ့အစည်းတွေကိုတော့ ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပြီးတော့ အမှန်အတိုင်း ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။ ပြန်လည်တင်ပြလို့ ဆက်ပြီးတော့ မစဉ်းစားဘူး၊ မဖြေရှင်းဘူး ဆိုရင်တော့ ပြည်သူလူထုဘဝ လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အကြောင်းအရာများကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု သတင်းမီဒီယာများကို ပြောကြားခဲ့သည်။
အရွယ်ရောက်သည့် ကလေးများကို စစ်မှုမထမ်းမနေရဆိုကာ ဖမ်းခေါ်သွားစဉ် ကလေးများကို မမိ၍ လူကြီးများကို ဖမ်းဆီးခေါ်ဆောင်သွားရာ ရွာသား ၁၅ ဦး ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရပြီးမှ ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ ဟက်ကြီးရွာသားတစ်ဦးက ပြောကြားသည်။
လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသသို့ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ် အုပ်ချုပ်မှု ဒေသဖြစ်သော ယွန်းစလင်းမြစ် အရှေ့ခြမ်းရှိ ရွှေဖလား၊ ဟတ်ကြီး၊ မြင်းတစ်ပြေး၊ ပိုင်လာ၊ သောကလယ်ထ၊ ဝမှုလော၊ မယ်ညော၊ ဇာကော့လုံ၊ ရှမ်သောင်း၊ ကွင်းဒလ၊ မဲကုလား၊ မဲပလိ၊ ကိုလူပျို စသည့် ကျေးရွာပေါင်း ၁၃ ရွာမှ စစ်ရှောင်ဒုက္ခသည်များ ရောက်ရှိနေပြီး အောက်တိုဘာ ၈ ရက် ညနေပိုင်းအထိ ထပ်တိုးစစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၉ စု၊ ကျား ၅၅ ဦး၊ မ ၅၉ ဦး၊ စုစုပေါင်း ၁၁၄ ဦး ထပ်မံရောက်ရှိလာကြောင်း လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း KNU က တပ်သားသစ် စုဆောင်းမှုကြောင့် စက်တင်ဘာ ၂၄ ရက်မှ စတင်ပြီး မြိုင်ကြီးငူဒေသသို့ တိမ်းရှောင်လာခဲ့ကြောင်း၊ တိမ်းရှောင်လာသူတစ်ဦး ဖြစ်သည့် စောဖောဒီက တပ်သားသစ် ကောက်ခံရာတွင် မလိုက်နိုင်ပါက တစ်ဦးကို ကျပ်သိန်း ၅၀ ပေးရမည်ဖြစ်ကြောင်း၊ ငွေမပေးနိုင်လျှင် မိသားစုဝင်များကို ဖမ်းဆီးမည်ဟု ပြောဆိုခြင်းကြောင့် တိမ်းရှောင်ရခြင်းဖြစ်ကြောင်း ထွက်ပြေးတိမ်းရှောင်လာသူများထံမှ သိရသည်။
ရွာရှောင်ကျောင်းသားငယ်များကို ပညာရေးဦးစီးဌာနက နီးစပ်ရာ မူလတန်းကျောင်းများတွင် ဆက်လက်ပညာသင်ကြားပေးလျက် ရှိပြီး မြိုင်ကြီးငူဒေသရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံက ယာယီဆေးပေးခန်း ဖွင့်လှစ်ကာ ဆေးဝါးကုသပေးလျက် ရှိကြောင်း လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မြတ်ကို (ဒေါနမြေ)
The Voice

ငြိမ်းချမ်းရေးကို တပ်မတော် လိုလားကြောင်း ဒုဗိုလ်ချုပ်မှူးကြီး ပြော

soewin-620.jpg
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို အောက်တိုဘာလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကွန်ပြူတာနဲ့ ကျောင်းသုံးဗလာစာအုပ်တွေ ပေးအပ်လှူဒါန်းပွဲ မှာ တွေ့ရစဉ်
Photo: Kyaw Myo Min/RFA















လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်တဲ့အတွက် တပ်မတော်ဟာ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေနဲ့ထပ်တူ ငြိမ်းချမ်းရေးကို လိုလားကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

KNU ၊ ABSDF၊ RCSS တို့အား မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် ။ ။ မကြာမီ NCA ကို လက်မှတ်ရေးထိုးတော့မည့် အဖွဲ့အစည်း ၃ ခုအား မတရားအသင်းများအဖြစ်မှ ပယ်ဖျက်လိုက်ပြီဟု ပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာသည်။

မော်ချီးဒေသ မြေပြိုမှု ၁၆ ဦးတိမ်းပါး၊ နေရာပြောင်းရန် ချက်ချင်းစီစဉ်နေရ

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကယားပြည်နယ်တွင် လူနာများ ဆေးရုံပို့ပေးရန် နှောင့်နှေးခဲ့ပြီး လမ်းခရီးတွင် ငါးဦးသေဆုံးခဲ့သည်။ (ဓာတ်ပုံ - Lkw Lkw)
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်း မြို့နယ်အတွင်းရှိ မော်ချီး ဒေသ၌ အောက်တိုဘာ ၁၁ ရက်နေ့က မိုးကြီးပြီး မြေပြိုမှုများကြောင့် သေဆုံးသူ ၁၆ ဦးနှင့် ပျောက်ဆုံးသူ ၅ ဦးရှိသည်ဟု ဘောလခဲခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။